အသက်(၂၀)မှသူများဆီမှာအလုပ်ဝင်လုပ်ပြီး ဘဝအတွေ့အကြုံတွေယူခဲ့ရတာနောင်တရတယ်ဆိုတဲ့ နေခြည်ဦး

Posted on

နေခြည်ဦးကတော့ Beauty Blogger တစ်ဦးအဖြစ် အောင်မြင်မှုလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းခဲ့သူ ဖြစ်ပါတယ် ။ အလုပ်ကိုအာရုံစိုက်ပြီး ကြိုးစားပမ်းစားလုပ်ကိုင်တတ်တဲ့ နေခြည်ဦးက အခုဆိုရင် ပရိသတ်တွေကြားမှာ နာမည်တစ်လုံးနဲ့အောင်မြင်နေတာ ဖြစ်ပါတယ် ။နေခြည်ဦးကယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုပါ ရရှိထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေခြည်ဦးက ပထမဆုံးအလုပ်ဝင်ခဲ့တဲ့ အမှတ်တရပုံလေးကိုမျှဝေရင်း သူမရဲ့အကြောင်းတွေကို ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။

နေခြည်ဦးက ” My very first job was at A&F.အသက် ၂၀ မှ သူများဆီမှာ အလုပ်ဝင်လုပ်ခဲ့တာ နောင်တရတယ်။ ၁၈ ၁၉ လောက်ထဲက ဝင်လုပ်ပြီး ဘဝအတွေ့အကြုံတွေ ယူခဲ့ရမှာ။ အခုခေတ်ကလေးတွေက တော်ပါတယ်။ CV တွေကြည့်လိုက်ရင် ဆယ်တန်းအောင်တာနဲ့ အလုပ်တွေ ဝင်ထားတာများတယ်။သူများဆီမှာအလုပ်ဝင်လုပ်တာနဲ့ ကိုယ့်မိဘ အလုပ်ဝင်ကူတာ တကယ်တခြားစီပါ။ ငယ်ငယ်လေးနဲ့ ဘာမာန်မှ ထားမနေကြနဲ့နော်။ မထားသင့်တဲ့ မာန်တွေထားရင် နေခြည့်တို့လို အသက်အရွယ်တစ်ခုရောက်လာလို့ ကိုယ်ပိုင် ပခုံးချင်းယှဉ်တဲ့အခါ စိတ်ဓါတ်ကျအားငယ်ရလိမ့်မယ်။

အခု ဆယ်တန်းဖြေထားကြတာဆိုတော့ Part Time လေးဘဲဝင်လုပ်လုပ် ဈေးဘဲကူရောင်းရောင်း သူများဆီမှာ ဝင်အလုပ်လုပ်ကြည့်။အလုပ်ဟူသမျှ ဂုဏ်ရှိစွ!!! #notetomyyoungerchillies ” ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးရဲ့အတွေ့အကြုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Leave a Reply

Your email address will not be published. Required fields are marked *