အသက် ၃၇ နှစ်ပြည့်မွေးနေ့ ကျရောက်လာတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ




သရုပ်ဆောင် ခိုင်နှင်းဝေတစ်ယောက်ကတော့ အသက် ၃၇ နှစ်ပြည့် မွေးနေ့ကျရောက်လာပြီလို့ သိရပါတယ်။ ဒီနေ့ မတ်လ ၁၄ ရက်နေ့ဟာ သူမရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမကတော့ မွေးနေ့မှာ လွှတ်တော်ထဲရောက်နေပြီး သက်ငယ်မုဒိမ်းပြစ်ဒဏ် ဥပဒေပြင်ဆင်ဖို့အတွက် သွားရောက် တောင်းဆိုနေတယ်လို့ သိရပါတယ်။

ဘဝအခက်အခဲတွေ၊ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သူမက အနုပညာလောကမှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ လျှောက်လမ်းနေနိုင်ခဲ့သလို ခုဆိုရင် ပရဟိတ မင်းသမီးတစ်ယောက်အဖြစ်လည်း လူတွေက မြင်လာနေကြပါတယ်။ သူမက ပရဟိတအလှူအတန်းများလုပ်၊ ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာတွေ ကိုယ်တိုင်ထူထောင်၊ သက်ငယ်မုဒိမ်းမှုအရေးတွေ ဝင်ရောက်ကူညီနေတာကြောင့် သူမကို အားပေးထောက်ခံတဲ့လူတွေ တိုးလာနေပါတယ်။

သာမန်ပရိဟတသမားတစ်ယောက်အနေနဲ့သာမကပဲ ကြုံရင်ကြုံသလို ပရဟိတအတွက် အမြဲပေးဆပ်နေသူလည်းဖြစ်ပါတယ်။ သူမက ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်ကားများစွာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဝါရင့်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပြီး ပရိတ်သတ်အားပေးမှု နေရာတစ်ခု ရရှိထားပါတယ်။ သူမရဲ့မွေးနေ့အကြိုအတွက် ဆုတောင်းပေးခဲ့ကြသူတွေလည်း ဖေ့စ်ဘွက်မှာ တွေ့ရပါတယ်။

[email protected] F CELE

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *