အသက် ၅၈ နှစ်ပြည့် မွေးနေ့ကျရောက်လာတဲ့ ဟာသသရုပ်ဆောင် အရိုင်း




နာမည်ကျော် ဝါရင့်ဟာသသရုပ်ဆောင် အရိုင်းတစ်ယောက်ကတော့ ခုဆိုရင် အသက် ၅၈ နှစ်ပြည့် မွေးနေ့ကျရောက်လာပြီလို့ သိရပါတယ်။ ဒီနေ့ မတ်လ ၁၃ ရက်နေ့မှာ ပြည့်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာမှာလည်း ဝိုင်းဝန်းပြီး မွေးနေ့ဆုတွေ တောင်းပေးထားကြတာကို တွေ့ရပါတယ်။

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကလည်း ချစ်သောသူများနဲ့အတူမွေးနေ့ပေါင်းများစွာကိုပျော်ရွှင်ချမ်းမြေ့စွာဖြတ်ကျော်နိုင်ပါစေသူငယ်ချင်း ဆိုပြီး ဆုတောင်းပေးထားပါတယ်။ ဖခင်ဖြစ်သူရဲ့အကြောင်းကိုလည်း သမီးဖြစ်သူ ပန်းနုပျိုမေကလည်း ခုလို ပြောထားပါတယ်။ လူတကာအပေါ်အတိုင်းထက်အလွန်နားလည်အနစ်နာခံတတ်တဲ့ဖေဖေ မိသားစုအပေါ်နားလည်ခွင့်လွှတ်မှုအပေးနိုင်ဆုံး ခုထက်ထိတိုင် ဖခင်ဝတ္တရားကျေပွန်လွန်းတဲ့ဖေဖေ သမီးအမြဲလေးစားရတဲ့သည်းခံခွင့်လွှတ်တတ်လွန်းတဲ့နားလည်ဖြည့်ဆည်းပေးနိုင်လွန်းတဲ့စိတ်ဓာတ်ပိုင်ရှင်ဖေ ဒီနေ့ပါး ၅၈ နှစ်ပြည့်ပြီနော် အသက်အရွယ်အရအပင်ပန်းမခံသင့်တော့ပေမယ့် ခုချိန်ထိနေပူမရှောင်မိုးရွာမရှောင် သမီးတို့အတွက်အပင်ပန်းခံရှာဖွေကျွေးနေတဲ့အတွက်အားလည်းနာမိပါတယ်ဖေဖေ ဒီနေ့ ၅၈ နှစ်ပြည့်မှစလို့နောင်နှစ်ပေါင်းများစွာ သမီးတို့နဲ့အမြဲတူတူခုလိုပဲပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေဖေ ဆိုပြီး ရေးထားပါတယ်။

၈၈ မတိုင်ခင်တည်းကနေ ခုချိန်ထိ အနုပညာလောကထဲ ကျင်လည်ပြီး အောင်မြင်နေဆဲဖြစ်တဲ့ အရိုင်းက နိုင်ငံရေးနယ်ပယ်၊ အနုပညာနယ်ပယ်တွေမှာ လှူပ်ရှားခဲ့သည့် ဝါရင့် အနုပညာရှင်တစ်ဦးဖြစ်ပြီး အနုပညာလောက သမိုင်းအတွေ့အကြုံများစွာလည်း သူ့မှာရှိနေပါတယ်။

[email protected] F CELE

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *