အသက် ၆၈ နှစ်ရောက်မှ အမွှာပူးလေးမွေးဖွားခဲ့တဲ့ နိုင်ဂျီရီးယားအမျိုးသမီးကြီး

Posted on

အသက် ၆၈ နှစ်အရွယ် Margaret Adenuga ဆိုသူ နိုင်ဂျီရီးယားအမျိုးသမီးကြီးဟာ မျိုးဥကို အမျိုးသမီးကိုယ်ထဲသို့ သီးခြားထည့်သွင်းကိုယ်ဝန်ဆောင်ခြင်းကို သုံးကြိမ်တိုင်တိုင်ကြိုးစားခဲ့ပြီး နောက်ဆုံးအကြိမ်မှသာ သားလေးတစ်ယောက် သမီးလေးတစ်ယောက်ကို မွေးဖွားသန့်စင်နိုင်ခဲ့တာပါ။အသက် ၇၇ နှစ်အရွယ် အမျိုးသားဖြစ်သူ Noah Adenuga နဲ့သူမဟာ ၁၉၇၄ ခုနှစ်ကတည်းက လက်ထပ်ခဲ့တာဖြစ်ပြီး ကလေးယူဖို့ တော်တော်လေးကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

CNN ရဲ့ stock auditor ဟောင်း Noah Adenugaက ” ကျွန်တော်တို့ဇနီးမောင်နှံဟာ ယခုလိုကလေးလေးတွေမွေးဖွားနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ရပါတယ်။ ကလေးအရမ်းလိုချင်တဲ့အိပ်မက်ဟာ နောက်ဆုံးတော့အကောင်အထည်ပေါ် ခဲ့ပါပြီ” လို့ သူကပြောပါတယ်။ Lagos University Teaching Hospital ရဲ့ သားဖွားမီးယပ်ဆရာဝန်ကြီး Dr. Adeyemi Okunowo က ” မွေးလူနာရဲ့ အသက်ကြောင့် ကျွန်မတို့အဖွဲ့ပြင်ဆင်မှုတွေအများကြီးပြုလုပ်ခဲ့ရပါတယ်။ သားဦးလည်းဖြစ်သလို သူမရဲ့အသက်အရွယ်ကြောင့် တော်တော်လေးသတိထားခဲ့ရတာပါ ” လို့ဆိုပါတယ်။မနှစ်ကအထိတော့ အသက် ၇၃ နှစ်အရွယ် အိန္ဒိယ အမျိုးသမီးဟာ သမီးအမွှာပူးလေးမွေးဖွားပြီး အသက်အကြီးဆုံး အမျိုးသမီးဖြစ်ခဲ့တာပါ။

ယခုလို အသက်အရွယ်ကြီးအမျိုးသမီးတွေဟာ မျိုးဥကို အမျိုးသမီးကိုယ်ထဲသို့ သီးခြားထည့်သွင်းကိုယ်ဝန်ဆောင်ခြင်းကို လုပ်ဆောင်လာကြပေမဲ့ မွေးဖွားပြီးချိန်မှာ သူတို့အတွက် ဆိုးကျိုးတွေလည်းရှိနေတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *