အာဆီယံ ပြိုင်ဘက်စင်ကာပူကို စံချိန်တင်ဂိုးရလဒ်နဲ့အနိုင်ရခဲ့တဲ့ မြန်မာ ယူ ၁၉ လက်ရွေးစင်အသင်း

Posted on

အာရှယူ-၁၉ ချန်ပီယံရှစ် အုပ်စု ( I )ခြေစစ်ပွဲစဉ်ရဲ့ နောက်ဆုံးပွဲစဉ်တစ်ပွဲအဖြစ် အိမ်ရှင် မြန်မာအသင်းနဲ့ စင်ကာပူအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်တဲ့ပွဲစဉ်မှာတော့ အိမ်ရှင် မြန်မာ အသင်းက ၈ ဂိုး၊ ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မနေ့ ညနေ ၆ နာရီက ရန်ကုန် သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ မြန်မာ ယူ ၁၉ က စင်ကာပူ ယူ ၁၉ ကို ၈ -၀ နဲ့ အနိုင်ရခဲ့တဲ့အတွက် ဂုဏ်သိက္ခာဆယ်နိုင်ခဲ့ပြီး အိမ်ရှင်မြန်မာပရိသတ်ကို လက်ဆောင်မွန်တစ်ခု ပြန်လည်ပေးအပ်နိုင်ခဲ့တာပါ။

စင်ကာပူကို အနိုင်ရရှိခဲ့တဲ့ မြန်မာ ယူ ၁၉ အသင်းရဲ့ပုံရိပ်များကို စုစည်း ဖော်ပြပေးလိုက်ပါတယ်နော်။