မင်းသားကြီးကျော်သူကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်သူသာမက ပရဟိတဘက်မှာလည်း စေတနာသဒ္ဓါတရား ထက်သန်သူဖြစ်ပါတယ်။ ကျော်သူက နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ဥက္ကဌတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပြီး အများကောင်းကျိုးသယ်ပိုးနေတာ ဖြစ်ပါတယ် ။ အခုလို
သင်္ကြန်အခါသမယလေးမှာတော့ ကျော်သူက သူ့ရဲ့အသင်းသူ၊အသင်းသားတွေနဲ့အတူ ပရဟိလုပ်ငန်းတွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း ကျော်သူက အာဟာရဒါနအဖြစ် အရသာရှိတဲ့မုန့်လိပ်ပြာတွေလုပ်ပြီးကုသိုလ်ယူနေတာ ဖြစ်ပါတယ် ။ ကျော်သူက သူကိုယ်တိုင်မုန့်လိပ်ပြာ ပူပူနွေးနွေးလေးတွေလုပ်ရင်း ပီတအပြုံးတွေနဲ့ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ် ။ကျော်သူက “မုန့်လိပ်ပြာပူပူနွေးနွေးလေးဗျို့! သင်္ကြန်အတက်နေ့ ကြာသပတေးနေ့မှာ
အတာစားတာ ကြာသပတေးဖြစ်ပြီး ဒီနေ့ အာဟာရဒါနလုပ်တဲ့ ကြာသပတေးနေ့ ဘော်လံဒီယာများရဲ့ မုန့်ကလည်း ကြာသပတေးနာမ်မုန့်လိပ်ပြာတဲ့ဗျာ။ နာရေးလမ်းကြောင်းလေး ခဏအားလပ် တုန်း အများရဲ့တောင်းဆိုမှုနဲ့ အနုပညာဆန်တဲ့မုန့်လိပ်ပြာ ကို ခေတ္တခဏ ဝင်ရောက်လုပ်ကိုင်ကြည့်မိပါတယ်။ အရမ်းကိုအရသာရှိပြီး နူးညံ့မွေ့လျော်ကာအနုပညာဆန်တဲ့ မုန့်လိပ်ပြာလေးပါခင်ဗျ။ “ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သင်္ကြန်အတက်နေ့မှာ ကုသိုလ်ယူနေတဲ့ ကျော်သူရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။