ပရိသတ်ကြီးရေ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ ဖွေးစိန်လေးကတော့ ယခုဖြစ်ပွားလျက်ရှိတဲ့ Covid 19 နဲ့ပတ်သက်ပြီး သူမရဲ့ပရိသတ်တွေသိရှိစေရန် လက်ဆေးကြစို့ ဆိုတဲ့ Challenge ကိုလည်း လက်ခံပြုလုပ်ခဲ့ပြီး Mask တွေကိုလည်း (၉)သိန်းကျော်ဖိုး လှူဒါန်းခဲ့တဲ့အပြင် ထပ်မံပြီး (၁၁)သိန်းကိုလည်း Corona အထွေထွေ အတွက် ထပ်မံလှူဒါန်းခဲ့ပါသေးတယ်။
လက်ရှိမှာလည်း ရောဂါဖြစ်ပွားမှုလျှော့နည်းအောင် ” သတိကြီးစွာ နေပေးကြပါတော့…အားလုံးဘေးကင်းဖို့ နေ့တိုင်း ဆုတောင်းပါတယ် ရှင်…ဝေဒနာခံစားနေရသူများလဲ အမြန်ဆုံးသက်သာပျောက်ကင်းပါစေ…စာတွေသေချာဖတ်ပေးပါ…။နိုင်ငံခြားက ပြန်လာသူ… နိုင်ငံခြားသားများနှင့်အလုပ်လုပ်ကိုင်ရသူများ ပိုပါဝင်နေပါတယ်ကာကွယ်ပါ … Stay Home …Positive Thinking ကသက်သက်, ဂရုစိုက်စရာကို သတိရှိစွာဂရုစိုက်ရမှာက သက်သက်ပဲနော် အချစ်တို့ရေ
” ဆရာဝန်များ ..သူနာပြုများ…နိုင်ငံ့ဝန်ထမ်းများ… အလှူရှင်များ…နဲ့ တာဝန်သိပြည်သူများ အားလုံးကို လေးစားကျေးဇူးတင်ပါတယ်ရှင်…” ဆိုတဲ့စာလေးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဋ္ဌာနက ရောဂါပိုး ထပ်မံတွေ့ရှိတဲ့ ထုတ်ပြန်ချက်လေးကို ရှယ်ရင်း ဖော်ပြခဲ့တာပါ။ ပရိသတ်ကြီးလည်း ဖွေးစိန်လေးရဲ့ သတိပေးစကားလေးတွေကို သိအောင်ဖော်ပြပေးလိုက်ပါတယ်နော်။