အိမ်တွင်း သင်္ကြန်ကျနေတဲ့ အေးသောင်းတို့ ညီအစ်မတွေ

Posted on

အနုပညာလောကရဲ့ အကျော်အမော်တွေဖြစ်ကြတဲ့ နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းတို့ ညီအစ်မသုံးယောက်စလုံးကို ပရိသတ်ကြီး ချစ်ပြီးသားနေမှာပါ။ နှင်းဝတ်ရည်သောင်းက နိုင်ငံရပ်ခြား ရောက်ရှိနေပြီး အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးသွားပြီဖြစ်ပေမယ့် အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းတို့ ညီအစ်မကတော့ အနုပညာလောကထဲ ကျင်လည်နေကြဆဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းတို့ ညီအစ်မက အိမ်မှာနေရင်း ညီအစ်မနှစ်ယောက်တည်း သင်္ကြန်ကျခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းတို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ ညီအစ်မတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ်မှာနေရင်း အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းလို မောင်နှမတွေ အတူတူ ရေပက်လို့ရပါသေးတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *