“အိမ်မှာ​နေရင်းနဲ့ covid19ရန်ကာကွယ်ဖို့ တိုက်တွန်းလိုက်တဲ့ နန်းစန္ဒာလှထွန်း”

Posted on

MRTV-4ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့”ကျွန်​တော်အမုန်းဆုံး ကျွန်​တော်”ရုပ်သံဇာတ်လမ်းတွဲထဲက ဆရာမ​လေး​အေးဖြူအဖြစ်သရုပ်​ဆောင်တဲ့ မင်းသမီး​ချော​လေး နန်းစန္ဒာလှထွန်းကို​တော့ တရင်းတနှီးမိတ်ဆက်​ပေးဖို့ မလို​လောက်ဘူးထင်ပါတယ်။ သူမက​တော့ သရုပ်​ဆောင်ရာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်​ဆောင်နိုင်တဲ့ မင်းသမီး​ချော​လေးတစ်လက်ဆိုလည်းမမှား​လောက်ဘူး​နော်။ နန်းစန္ဒာလှထွန်းဟာဆိုရင် သူမပြုံးလိုက်တိုင်းချစ်စရာ​ကောင်းတဲ့ အပြုံး​လေး​တွေ​ကြောင့် ပုရိသပရိသတ်​တွေရဲ့အသည်း​ကျော်တစ်ဦးပဲဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းက​တော့ သူမရဲ့ရိုက်ကူး​ရေးအမှတ်တရပုံရိပ်​လေး​တွေနဲ့ ဗီဒီယိုဖိုင်​လေးကို တင်​ပေး​လေ့ရှိပါတယ်။ မတ်လ(၂၈)ရက်​နေ့မှာ နန်းစန္ဒာလှထွန်းက “ကိုယ့်ကိုကိုယ် Corona Virus မှ ကာကွယ်ကြပါနော်။Stay Home ပါ ပြီးရင်တစ်ယောက်နဲ့ တစ်ယောက်ခပ်ခွာခွာလေးနေကြဖို့တော့ လိုပါတယ်ရှင့် ဒါပေမယ့် ရာသီဉတုကအရမ်းပူတော့လေ ချွေးတော့တော်တော်လေးထွက်တယ်နော် နန်းနန်းလေ့လာမိသလောက်ဆိုရင် ရေဓာတ်ဖြည့်ခြင်းက ကိုယ်ခံစွမ်းအားကို အများကြီးအကျိုးပြုပါတယ် .. ကိုယ်ခံစွမ်းအားကောင်းမနေဘူးဆိုရင်တော့ ရောဂါပိုးမွှားတွေအလွယ်တကူဝင်လာတတ်ပါတယ်နော် …ရေဓာတ်အမြန်ဖြည့်တင်းပြီး သောက်လို့ကောင်းတယ့် Sponsor ကထိုင်းနိုင်ငံရဲ့ အရည်အသွေးအတိုင်းပဲနော် နန်းနန်းကရေသိပ်မသောက်ဖြစ်တော့ Sponsor ကိုအများကြီးဝယ်ထားပြီး ရေဓာတ်ကိုဖြည့်ဖြည့်ပေးပြီး ကိုယ်ခံစွမ်းအားကောင်းမွန်အောင်နေရတယ်လေရေဓာတ်ကိုအမြန်ဆုံးနဲ့ အကောင်းဆုံးဖြည့်တင်းပေးဖို့ Sponsor ကိုသောက်ဖို့မမေ့နဲ့နော်။အရေးကြီးဆုံးကတော့ လက်ကိုဆပ်ပြာနဲ့ မကြာမကြာဆေးဖို့လည်း မမေ့ကြပါနဲ့နော် ”ဆိုကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာ​ပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။

ရိသတ်​တွေအတွက် နန်းစန္ဒာလှထွန်းရဲ့ covid 19အတွက် ကာကွယ်မှုနည်းလမ်း​လေး​တွေကိုပြန်လည်ပြီမျှ​ဝေ​ပေးလိုက်ပါတယ်​။ ပရိသတ်​တွေကလည်း နန်းစန္ဒာလှထွန်းကို ချစ်တယ်ဆိုရင် မှတ်ချက်​လေးတစ်ခု​လောက်​ရေး​ပေးခဲ့ကြပါ​နော်။

Leave a Reply

Your email address will not be published. Required fields are marked *