“အိမ်မှာ​နေရတုန်း​လေ​ပျော်​ပျော်​နေကြရ​အောင်လို့ ​ဆိုလာတဲ့ ​ဆောင်းဝတ်ရည်​မေ”

Posted on

MRTV-4ရဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “ချစ်ခြင်းတရားတို့ရှိ​ရာ”ရုပ်သံဇာတ်လမ်းတွဲ​တွေ သက်​ဇော်အဖြစ်သရုပ်​ဆောင်ခဲ့တဲ့ ​ဆောင်းဝတ်ရည်​မေနဲ့ အထူးတလည်မိတ်ဆက်​ပေးဖို့မလို​လောက်ဘူးထင်ပါတယ်။ ​ဆောင်းဝတ်ရည်​မေက​တော့ သရုပ်​ဆောင်မှုပိုင်းမှာ ပီပြင်စွားသရုပ်​ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သူမဟာဆိုရင် ပွင့်လင်းစွာ​နေတတ်တာ​ကြောင့် ပရိသတ်​တွေရဲ့အား​ပေးမှုကိုရရှိထားတာပဲဖြစ်ပါတယ်။

ဆောင်းဝတ်ရည်​မေက​တော့ အိမ်မှာ​ခေတ္တအနားယူ​နေစဉ် အမှတ်တရပုံရိပ်​လေး​တွေနဲ့ ဗီဒီယို​လေး​တွေကို တင်​ပေး​လေ့ရှိသူပါ။ ဧပြီလ(၃)ရက်​နေ့မှာ ​ဆောင်းဝတ်ရည်​မေက​”Stay Home နေနေရလို့စိတ်တွေ ညစ်မနေကြပါနဲ့… stay home ပြီးလို့လုပ်ငန်းခွင်တွေထဲပြန်ရောက်မှ အိမ်မှာနေရတာလေး လွမ်းလိုက်တာ

အိပ်ယာလေး သတိရတယ်ဆိုပြီး လွမ်းနေရမှာ..အဲ့တော့ အခု့နေ အိမ်ထဲနေနေရချိန် အားရပါးရ ပျော်ပျော်ကြီးနေထားလိုက်မယ်”ဆိုကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာ​ပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ အိမ်ထဲမှာ​နေရတုန်း ​ပျော်​ပျော်ကြီး​နဲ့​နေ​လိုက်ပါလို့ဆိုပြီ တင်​ပေးလိုက်တာပါပဲ​နော်။ပရိသတ်​တွေအတွက် ​ဆောင်းဝတ်ရည်​မေရဲ့stay home​လေးအ​ကြောင်းကို ပြန်လည်ပြီမျှ​ဝေ​ပေး​လိုက်ပါတယ်​​နော်။

Leave a Reply

Your email address will not be published. Required fields are marked *