ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေထဲမှာ လူကြမ်း၊ မု- ဒိန်းကောင် စတဲ့ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ရတဲ့ ဇာတ်ပို့သရုပ်ဆောင်နိုင်လူကို အားလုံးသိကြမယ် ထင်ပါတယ်။လူကြမ်းကြီးပေမယ့် လက်တွေ့ဘဝမှာတော့ စိတ်ရင်းကောင်းတဲ့ နိုင်လူက ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မင်းရာဇာအိမ်က အိမ်အကူမိန်းကလေးအတွက် လိုအပ်တာတွေ လှူဒါန်းပေးရင်း သူ့ရဲ့ ရင်တွင်းခံစားချက်အချို့ကို အခုလိုပဲ ပြောပြလာပါတယ်။
“စားစရာမပြည့်စုံပေမဲ့ အခြေခံလူတန်းစားအတွက်ရပ်တည်မည်။ ငါ့သမီးလေးဆိုရင်ရော၊ အနှိမ်ခံလူတန်းစားများ၏ဘဝ လူလိုသိသည့်စိတ်ဓာတ်ဖြင့် အက်စစ်နှင့်ပက်ခံရသည့်သူတစ်ယောက် ကိုယ်ချင်းစာကြည့်ပါ။ သူ့နေရာမှာငါဆိုလျှင်ရောဆိုသည့်စိတ်ဓာတ်ဖြင် မရှိသည့်အထဲမှ အက်စစ်နှင့်အပက်ခံရ၍ အတွင်းလူနာအဖြစ်အသက်၁၅နှစ်မပြည့်သည့်သု့မိဘနေရာမိမိသားသမီးဆိုလျှင်ဘယ်လိုခံစား၍အပြစ်ပြောမည်လဲ”
“လူယုတ်မာမု -ဒိန်းကောင်နိုင်လူ ရုပ်ရှင်တွင် မိုက်ရိုင်းယုတ်မာသည်။ အပြင်တွင် ခွေးသေးသေးလေးတောင်ကြောက်တတ်သည်။ အက်စစ်နှင့်ပတ်ခံရပြီး မြောက်ဥက္ကလာဆေးရုံတွင် အတွင်းလူနာအဖြစ်ခံယူနေရသည့်မိန်းကလေးအမေထံသို့ သွားရောက်ကူညီခဲ့သည်။ မိန်းကလေးများ၏ဘဝအနိပ်စက်ခံသားမဆန်သည့်လုပ်ရပ်များ ပပျောက်ပါစေ။” ဆိုပြီး ပြောထားပါတယ်။
နိုင်လူကတော့ သူကိုယ်တိုင် သမီးမိန်းကလေး မွေးထွားတဲ့ ဖခင်တစ်ယောက်မို့ အိမ်အကူမိန်းကလေးအတွက် မရှိတဲ့ကြားကနေ သွားရောက် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ လူကြမ်းပေမယ့် စိတ်ရင်းကောင်းတဲ့ နိုင်လူတစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ပါစေနော်။