အိမ်ခြေရာမဲ့တဲ့သူတွေဖက်ကနေ ကူညီပြီးထောက်ခံလိုက်တဲ့ Sinon

Posted on

လက်ရှိမှာ ပရဟိတလုပ်ငန်းတွေကို အဆက်မြပတ်လုပ်နေတဲ့ ဖိလစ်ပိုင် မော်ဒယ် Sinon ကိုတော့ လက်ရှိမှာ မြန်မာ နိုင်ငံသူ နိုင်ငံသား တော်တော်များများ ကတော့ သတိထားမိကြမယ် ထင်ပါတယ်။ Sinon ကတော့ Catwalk တွေ လျောက်ရင်း နာမည်ကြီးလာတဲ့ သူတယောက် ဖြစ်သလို ကမ္ဘာနဲ့ အဝန်းမှာလည်း သူ့ ပရိသတ်တွေ အများအပြား ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ ကိုရိုနာ ဗိုင်းရပ်စ်ကို တကမ္ဘာလုံးအပြင် မြန်မာနိုင်ငံမှာပါ ခံစားနေရချိန်မှာတော့ Sinon တစ်ယောက် အကောင်းဆုံး ကူညီပေးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း Sinon ကတော့ သူ့ဖေ့ဘုတ်အကောင့်မှာ ပို့စ်လေးတင်ထားတာ တွေ့ရပါတယ်။ ဒါကတော့ သူ့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့အခြေခံ လူတန်းစားတွေကိုတတ်နိုင်တဲ့ဖက်ကနေ ကူညီပေးနေတာ ဖြစ်ပါတယ်။

Sinon ကတော့ “ရန်ကုန်မှာရှိတဲ့ငါ့ရဲ့Homeless People (အိမ်‌ခြေရာမဲ့လူတွေ)အတွက် ဆန် ဆီ လက်ဖက်ရည်ထုပ် ငါးသေတ္တာ လက်သန့်ဆေးရေ ပိုးသတ်ဆေးဆပ်ပြာ တွေကို ပေးဖို့အတွက်ဆောင်ရွက်နေတာပါ ငါ့ရဲ့ဒီလိုအသေးစိတ်ဂရုစိုက်ပေးမှုလေးတွေက ပေးချင်တဲ့ Message ကတော့ ဒီလိုကူညီရာမဲ့နေတဲ့သူတွေကို ဒီလို‌ကပ်ရောဂါကြီးကျနေတဲ့အချိန်မှာ အချင်းချင်းကူညီရိုင်းပင်ကြပါလို့ကျတော် မေတ္တာ ရပ်ခံချင်ပါတယ်‌ဗျာ သူ့တို့တွေကိုကျတော့်တို့ရဲ့အချစ်တွေ နဲ့နွေးထွေးစေလိုက်ကြရအောင်ဗျာ တစ်ချိန်လုံးလုံခြုံမှုအပြည့်ရှိစေ အောင် အချင်းချင်းစောင့်ရှောက်ကြပါစို့ အားလုံးဘဲ ဂရုစိုက်ကြပါ ကျတော် ချစ်သောမြန်မာပြည်” ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။

Sinon ကတော့ တကယ့်ကို အားနည်းတဲ့ သူတွေဖက်ကနေ အပြည့်အဝ ရပ်တည်ပေးတာ ဖြစ်ပြီး ကောင်းမွန်လွန်တဲ့ Message ကိုလည်း ပေးထားတာ ဖြစ်ပါတယ်။ပရိသတ်ကြီးထဲမှာလည်း Sinon ပြောတဲ့စကားနဲ့ လုပ်ရပ်ကို ထောက်ခံတဲ့ သူတွေရှိရင် တခုခု ပြောသွားကြဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *