အိမ်ခြေ မရှိသူများအား ​မြေကွက်(၂၀) မဲဖောက်လှူးဒါန်းလိုက်တဲ့ စေတနာရှင်သူဌေး ဦးခွေး

Posted on

စေတနာကောင်းလိုက်တာ အရမ်းပဲ. .ပိုက်ဆံရှိတဲ့သူတိုင်း လုပ်နိုင် လှူနိုင်တဲ့အလှူ မဟုတ်ပါဘူးနော်. .တကယ့်မွန်မြတ်သောစေတနာ အလှူကြီး. .မွန်ပြည်နယ်၊လမိုင်းမြို့၊မြို့မ(၁)ရပ်ကွက်၌ သံဖြူဇရပ်မြို့နယ်နေ သူဌေး ဦးခွေး၊ဒေါ်ယိမ်း တို့မှ(၃၀-၆၀)ပေရှိသည့် မြေကွက်(၂၀)ကို လမိုင်းမြို့ရှိအိုးအိမ်မရှိသည့် ပြောင်းရွှေ့လုပ်သားများအား


မဲနှိုက်စနစ်ဖြင့် မဲနှိုက်ပေးခြင်းကို ဖေဖော်ဝါရီ (၂၁)ရက် မွန်းတည့်(၁၂)နာရီက မြို့မ(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သူဌေးဦးခွေးကိုယ်တိုင် မဲဖောက်စနစ်ဖြင့် မဲဖောက်အလှူပေးခဲ့သည်မဲနှိုက်ရာတွင် လမိုင်းမြို့ပေါ်ရှိပြောင်းရွှေ့လုပ်သားများအား အဓိကထားပြီး မဲဖောက်ပေးခဲ့ခြင်းဖြစ်ပြီး မဲပေါက်သည့် မြေကွက်များအား စာချုပ်စာတမ်းများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စေတနာရှင်သူဌေးကြီး ဦးခွေးနှင့်ဒေါ်ယိမ်းတို့ မိသားစု ယခုထက်ပို၍ ကျန်းမာချမ်းသာပြီး ပို၍ လှူဒါန်းနိုင်သောသူများ ဖြစ်ပါစေမြို့တိုင်းနယ်တိုင်းမှာလည်း ဦးခွေးနဲ့ဒေါ်ယိမ်းတို့ကဲ့သို့သော စေတနာရှင်သူဌေးကြီးတွေ ပေါ်ထွက်ကာ အိမ်ခြံမြေလိုအပ်သူတွေကို လှူကြပေးကြ ရှိပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *