အိမ်ပြင်မထွက်ရ အမိန့်ထုတ်မယ်ဆိုရင်တောင် အဆင်မပြေနိုင်တဲ့ အကြောင်းတွေကို ပြောပြလာတဲ့ မအေးသောင်း

Posted on

ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ ရိုးရိုးယဉ်ယဉ်လေးနဲ့မြင်သူတကာငေးလောက်အောင်လှပနေတဲ့ မင်းသမီးမအေးသောင်းကိုနဲ့ အထွေအထူးမိတ်ဆက်ပေးဖို့မလိုပါဘူးနော်။ မအေးသောင်းကတော့ သရုပ်ဆောင်မှုပိုင်းမှာကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်းမမှားလောက်ဘူးထင်ပါတယ်။ သူမဟာဆိုရင် ကိုင်ပိုင်လုပ်ငန်းလည်းလုပ်ကိုင်နေပေမယ့် ဝါသနာပါရာ အနုပညာအလုပ်ကိုပါကြိုးစားနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

မအေးသောင်းကတော့ ခေတ်စားနေတဲ့ tik tokလေးတွေဆော့ကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ မတ်လ(၂၈)ရက်နေ့မှာ မအေးသောင်းက”Lockdown တွေ Stay Home တွေကတော့ဟုတ်ပါတယ်။တချို့လူတွေ စားရစရာတွေတပုံတပင်နဲ့ပုံတွေတင်တော့သာမန်လူတွေ လက်လုပ်လက်စားတွေကိုငဲ့ပြီးသူတို့ဘယ်လိုတွေးမယ် ဘယ်လိုတွေဖြစ်နေမယ်ဆိုတာလေးလည်းစဉ်းစားပေးပါအုံးကိုယ်ချင်းစာတရားလေးထားကြရအောင်” ဆိုကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ အခုဖြစ်ပွားနေတဲ့ကိုရိုနာအတွက် lock downချလိုက်မယ်ဆိုရင် လက်လုပ်လက်စားဘဝတွေအတွက်ထည့်တွေးပြီး ကိုယ်ချင်းစာတရားလေးထားဖို့အတွက် တင်ပေးလိုက်တာပါပဲနော်။

ပရိသတ်တွေအတွက် မအေးသောင်းရဲ့ကိုယ်ချင်းစာတရားလေးထားဖို့ပြောလာတဲ့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ Lock Down ချသင့်တယ် မချသင့်ဘူးဆိုတာနဲ့ ပက်သက်ပြီး ပရိတ်သတ်ရဲ့ အမြင်လေးတွေကိုလည်း မျှဝပေးပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Leave a Reply

Your email address will not be published. Required fields are marked *