အိမ်ကိုရှောင်တခင်ဝင်စစ်ဆေးရင်း လိုအပ်တာတွေမလုပ်ထားလို့ မိခင်ဖြစ်သူဆီကနေ အဆူခံလိုက်ရတဲ့ G Fatt

Posted on

အဆိုတော် G Fatt ကတော့ အနုပညာ အရည်အချင်းပြည့်ဝသူတစ်ဦးဖြစ်ပြီး လူငယ်ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ G Fatt က သီချင်းဆိုတဲ့နေရာမှာ ထူးချွန်တဲ့အပြင် သီချင်းကောင်းကောင်းလေးတွေကိုလည်း ကိုယ်တိုင်ရေးစပ်ဖန်တီးနိုင်တာ ဖြစ်ပါတယ်။ G Fatt ရဲ့သီချင်းတော်တော်များများကလည်း ပရိသတ်တွေရဲ့ခံစားချက်နဲ့ထပ်တူကျလေ့ရှိတာကြောင့် လူကြိုက်များအောင်မြင်နေတာ ဖြစ်ပါတယ်။

ဂီတလမ်းကြောင်းထက်မှာ အောင်မြင်မှုများစွာကို ဆွတ်ခူးရရှိနေတဲ့ G Fatt က အခုချိန်အထိလည်း သီချင်းအသစ်တွေကို ဆက်လက်ဖန်တီးနေဆဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ G Fatt က ပွဲအခမ်းအနားလေးတွေကို တက်ရောက်နေသလို အားလပ်ချိန်လေးတွေကိုလည်း သူငယ်ချင်းတွေနဲ့အတူ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ G Fatt တစ်ယောက် မိခင်ဖြစ်သူဆီကနေ အဆူခံလိုက်ရတာပဲ ဖြစ်ပါတယ်။

G Fatt က ” ရှောင်တခင် စစ်ဆေးရေးဝင်ပြီ” ဆိုပြီး အိမ်ကိုစစ်ဆေးရင်း လိုအပ်တာတွေမှာကြားနေတဲ့ မိခင်ဖြစ်သူရဲ့ဗီဒီယိုလေးကို တင်ထားတာပဲ ဖြစ်ပါတယ်။G Fatt ကတော့ သူ့ကိုအပီအပြင်ဆူနေတဲ့ အမေ့ကိုဗီဒီယိုလေး အမိအရရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ကဲ မိခင်ဖြစ်သူဆီကနေ အဆူခံလိုက်ရတဲ့ G Fatt ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *