အိန္ဒိယနိုင်ငံသားတွေလို နှုတ်ဆက်ခြင်းဟာ အကောင်းဆုံးဖြစ်ကြောင်း ချားလ်စ်မင်းသားပြော

Posted on

အရေပြားထိတွေ့မှုကနေတဆင့် ကူးစက်နိုင်တဲ့ ကပ်ဝေဒနာဆိုးကြီးဟာ အခုအခါ ကမ္ဘာနဲ့အ၀ှမ်းကို အကြီးအကျယ်ခြိမ်းခြောက်လာနေပြီပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံနှုတ်ဆက်တဲ့အခါ အိန္ဒိယလူမျိုးတွေရဲ့ နှုတ်ဆက်နည်း Namaste နဲ့ နှုတ်ဆက်ပုံဟာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယူဆနေပါပြီ။

ဗြိတိန်ထီးနန်းရဲ့ အရိုက်အရာဆက်ခံသူဖြစ်တဲ့ မင်းသားကြီးချားလ်စ်ကို်ယ်တိုင်က အိန္ဒိယလူမျိုးတွေရဲ့ အပြုအမူတစ်ခုဖြစ်တဲ့ Namaste နဲ့ နှုတ်ဆက်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ Namaste ကတော့ တစ်ယောက်နဲ့တစ်ယောက်တွေတဲ့အခါ လက်အုပ်ချီတဲ့အမူအရာနဲ့ နှုတ်ဆက်တဲ့နည်းပါ။ အရင်တုန်းကတော့ ချားလ်စ်မင်းသားဟာ အနောက်တိုင်းနှုတ်ဆက်ဟန်အတိုင်းပဲ လက်ဆွဲနှုတ်ဆက်တာ ဖြစ်ပါတယ်။

 

အောက်က ဗီဒီယိုမှာတော့ ဧည့်ပရိသတ်တွေနဲ့တွေ့ဆုံချိန်မှာ လက်ဆွဲနှုတ်ဆွဲတော့မလိုလုပ်ပြီးမှ ပြန်သတိရပြီး လက်အုပ်ချီကာ နှုတ်ဆက်နေတဲ့ မင်းသားကြီးချားလ်စ်ကိုတွေ့ရမှာဖြစ်ပါတယ်။ ချားလ်စ်ဟာ တီဗီအစီအစဉ်တင်ဆက်သူတွေဖြစ်တဲ့ Ant McPartlin နဲ့ Declan Donelly အပါအ၀င် Rolling Stones ဂီတာသမား Ronnie Wood တို့ကိုလည်း Namaste နဲ့ နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ဝန်ကြီးချုပ်ဘိုးရစ်စ်ဂျွန်စင်ကတော့ “လက်ဆွဲမနှုတ်ဆက်တာက ကောင်းပါတယ်။ တစ်ယောက်ယောက်နဲ့ လက်ဆွဲမနှုတ်ဆက်ဘူးဆိုကလည်းက လက်ဆေးဖို့ အရမ်းကြီးတယ်ဆိုတဲ့အကြောင်း သူတို့ကို သတိပေးလိုက်သလိုပါပဲ။ ဒါကြောင့် လူတိုင်းလူတိုင်းဟာ လက်ဆေးသင့်ပါတယ်..” လို့လည်း ဆိုခဲ့ကြောင်း storypick အရသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *