အိန္ဒိယရေတပ်ရှိ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသည့် ရေပြင်သွားစစ်ရေယာဉ် များတွင် အမျိုးသမီးရာရှိများအား တာဝန်ချထားမည်ဖြစ်ကြောင်း အိန္ဒိယရေတပ်၏ ၂၁-၉-၂၀၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။
အဆိုပါသတင်း အရ အမျိုးသမီးအရာရှိများဖြစ်ကြသည့် ဗိုလ် Kumudini Tyagi နှင့် ဗိုလ် Riti Singh တို့အား စစ်ရေယာဉ်များပေါ်တွင် ရေကြောင်းဆိုင်ရာလေတပ်ဖွဲ့၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်များအားမောင်းနှင်ရန် အိန္ဒိယရေတပ်မှ တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။အိန္ဒိယရေတပ်တွင် အမျိုးသမီးအမှုထမ်းများသည် ရာထူးအဆင့်အတန်း အမျိုး မျိုးဖြင့် တာဝန်များအား ထမ်းဆောင်နေခဲ့သော်လည်း ယခုကဲ့သို့ စစ်ရေယာဉ်များ ပေါ်တွင် လိုက်ပါတာဝန်ထမ်းဆောင်မည်မှာ ပထမဉီးဆုံးအကြိမ်ဖြစ်ကြောင်း တွေ့ရှိရ ပါသည်။ထို့အတူ ရေကြောင်းဆိုင်ရာလေတပ်ဖွဲ့၏ ပထမဦးဆုံးတိုက်ခိုက်ရေး ရဟတ် ယာဉ်မှူးများလည်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ အိန္ဒိယရေတပ်အနေဖြင့် ယခင် ကာလများတွင် ရေပြင်သွားစစ်ရေယာဉ်များ၌ အမျိုးသမီးအမှုထမ်းများအား တာဝန် ထမ်းဆောင်စေရာတွင် ရေယာဉ်အတွင်းနေရာသီးသန့်မရှိခြင်း၊ ကျား/မ ခွဲခြားထား သည့် ရေချိုးခန်းအဆောက်အဦများ သီးသန့်မပါရှိခြင်း စသည့်အကြောင်းပြချက် များကြောင့် စစ်ရေယာဉ်များပေါ်တွင် တာဝန်ထမ်းဆောင်စေခဲ့ခြင်းမရှိကြောင်း တွေ့ရှိ ရပါသည်။ သို့သော်လည်း ယခုအချိန်တွင် အိန္ဒိယရေတပ်၌ အမျိုးသား/အမျိုးသမီး များအား တန်းတူအခွင့်အရေးပေးလိုသည့်သဘောဖြင့် တာဝန်ထမ်းဆောင်စေခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။
၎င်းအရာရှိ ၂ ဦးသည် အိန္ဒိယရေတပ်၏ ကိုချီမြို့ရှိ တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်တွင် ၂၁-၉-၂၀၂၀ ရက်နေ့တွင် သင်တန်းဆင်း ခဲ့ပြီး ယခုကဲ့သို့ တာဝန်ထမ်းဆောင်စေရန် အခွင့်အရေးပေးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။၎င်းသင်တန်း၌ အရာရှိ ၁၇ ဦးပါဝင်တက်ရောက်ခဲ့ပြီး ရေတပ်မှ အမျိုးသမီး အရာရှိ ၄ ဦးနှင့် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့မှ အမျိုးသမီးရာရှိ ၃ ဦးတို့သည် သင်တန်းဆင်းအခမ်းအနားတွင် လေယာဉ်မှူးတံဆိပ်အား အပ်နှင်းခြင်းခံခဲ့ရကြောင်း တွေ့ရှိရပါသည်။၎င်းအခမ်းအနားအား လေ့ကျင့်ရေးစစ်ဦးစီးအရာရှိကြီးဖြစ်သူ ဗိုလ်ချုပ် Antony George မှ တက်ရောက်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းမိန့်ခွန်း၌ အိန္ဒိယရေတပ် ၏ ရှေ့တန်းတွင် တပ်ဖြန့်တာဝန်များထမ်းဆောင်နေသည့် စစ်ရေယာဉ်များတွင် အမျိုးသမီးအမှုထမ်းများအား တာဝန်ပေးအပ်ရေးလမ်းဖွင့်ပေးသည့် အချိန်အခါကောင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ကိုတွေ့ရှိရပါသည်။ အိန္ဒိယရေတပ်အနေဖြင့် အဆိုပါ အမျိုးသမီး အရာရှိ ၂ ဦးအား MH-60 အမျိုးအစား ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်အသစ်များအား မောင်းနှင်စေရန်အတွက် တာဝန်ပေးအပ်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။ အဆိုပါအမျိုးသမီးအရာရှိ ၂ ဦး၏ ပြောကြားချက်များအရ မိမိတို့အနေဖြင့် နာရီပေါင်း ၆၀ ခန့် အတွေ့အကြုံများရရှိအောင် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် များပြားလှသည့် ဖိအားများနှင့် ပြဿနာများရှိစေ ကာမူ မိမိတို့၏တာဝန်အား ကျေပွန်စွာဖြင့် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း တွေ့ရှိရ ပါသည်။
အိန္ဒိယရေတပ်အနေဖြင့် တာဝန်ထမ်းဆောင်သည့် အမှုထမ်းများအား ကောင်းမွန်သောအခွင့်အလမ်းများ တန်းတူရရှိရေးအတွက် နေ့စဉ်နှင့်အမျှပြောင်းလဲ မှုများလုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။