ဥရောပတိုက်၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက်ဖြစ်နေသော အီတလီနိုင်ငံ၌ တစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၃၀၀ ကျော် သေဆုံးခဲ့ပြီး နာရီဝက်တစ်ကြိမ်နှုန်းဖြင့် ရုပ်အလောင်းများကိုသင်္ဂြိုလ်နေရသည်လွမ်ဘာဒီဒေသရှိ ဘာဂါမိုဆေးရုံ၌ ရုပ်အလောင်းများပြည့်နေပြီး ချာ့ခ်ျကျောင်းများတွင်လည်း ရုပ်အလောင်းများသင်္ဂြိုလ်ရန် စောင့်ဆိုင်းနေရသည်။
ဥရောပအနှံ့အပြား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို အပြင်းအထန်ခံစားနေရပြီး အီတလီနိုင်ငံတွင် သေဆုံးသူပေါင်း ၁၄၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး ကူးစက်ခံရသူပေါင်း နှစ်သောင်းကျော်ရှိလာခဲ့သည်ဆိုးဝါးလာသည့် အခြေအနေနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးပိတ်ဆို့ထားသည့်ကြားမှ ပုံမှန်အတိုင်းလုပ်ဆောင်နေကြသည့် ပြည်သူတို့၏ တာဝန်မဲ့သောအပြုအမူများကြောင့်ဖြစ်သည်ဟု အီတလီအာဏာပိုင်များကပြောသည်။
မီလန်မြို့အပါအဝင် နိုင်ငံမြောက်ပိုင်း ဒေသလွမ်ဘာဒီဒေသမှာ ဗိုင်းရပ်စ်တိုက်ခိုက်မှုဒဏ်ကို အဆိုးရွားဆုံးခံစားနေရသည့်နေရာဖြစ်ပြီး မီလန်မြို့နှင့် မိုင် ၄၀ ခန့်အကွာတွင်ရှိသည့် သာယာလှပသော ဘာဂါမိုမြို့အပါအဝင် မြို့အတော်များများမှာ အကျပ်အတည်းများကြောင့် ယိုယွင်းလာနေသည်ကျွန်တော်တို့တွေဟာ သံသယဖြစ်စရာမလိုတဲ့ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရပြီး နာရီဝက်တစ်ခါလောက် သင်္ဂြိုလ်ပေးနေရတယ်” ဟု ဘာဂါမိုမြို့ သုဿန်တာဝန်ခံ ဂီယာကိုမိုအင်ဂျလိုကပြောသည်။
ကျွန်တော်တို့ဟာ စနေနေ့မှာ ၁၈ လောင်း၊ တနင်္ဂနွေနဲ့ တနင်္လာနေ့မှာ ၄၄ လောင်းကျော်နဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ၅၁ လောင်းအထိ လက်ခံရတယ်ဘာဂါမို သုဿန်ကို ပိတ်ပစ်ရတော့မယ့် အချိန်ရောက်လာပြီ” ဟု ၎င်းကဆက်လက်ပြောသည်။းယင်းကဲ့သို့ အရေးပေါ်အခြေအနေမျိုးနှင့် ကြုံရလိမ့်မည်ဟု မတွေးထားကြောင်း ဘာဂါမိုမြို့ သုဿန်တာဝန်ခံ ဂီယာမိုကပြောဆိုခဲ့ပြီး ချာ့ခ်ျကျောင်းများကိုလည်း ယာယီရေခဲတိုက်များအဖြစ် အသုံးပြုနေရကာ ယခုကဲ့သို့ ကြေကွဲဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရသည့် ၎င်း၏ဝန်ထမ်းများကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုသည်။q