အီရန်ကို နျူကလီးယား လက်နက် မပိုင်ဆိုင်ရအောင် တားဆီးနိုင်ဖို့မှာ ထရမ့်အစိုးရဟာ စစ်အင်အားသုံးသွားဖို့ ဆန္ဒရှိလိမ့်မှာ ဖြစ်တယ်လို့ အီရန်ဆိုင်ရာ အမေရိကန်သံတမန်တစ်ဦးက ပြောပါတယ်။
အချေအတင် ဖြစ်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးအပြီးမှာ သံတမန် ဘရိန်းဟုခ်ျက ပြောဆိုလာခဲ့တာပဲ ဖြစ်ပါတယ်။
အောက်တိုဘာမှာ သက်တမ်းကုန်မယ့် အီရန်အပေါ် ကုလသမဂ္ဂက ချမှတ်ထားတဲ့ လက်နက်အရောင်းအဝယ် ပိတ်ပင်ထားတာကို အမေရိကန်က သက်တမ်းထပ်တိုးဖို့ လုပ်ဆောင်နေရာမှာ နိုင်ငံတကာက ထောက်ခံဖို့ ဘရိန်းဟုခ်ျက ရည်ရွယ်ပြောဆိုတာပဲ ဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ အီရန်နိုင်ငံ နျူကလီးယားလက်နက် မပိုင်ရအောင် စစ်အင်အား သုံးသွားဖို့ ဆန္ဒရှိမှာဖြစ်တယ်ဆိုပြီး သူက ရှင်းရှင်းလင်းလင်း ပြောသွားခဲ့တာပါ။
“ကျွန်တော်တို့ တော်တော်လေးကို ရှင်းရှင်းလင်းလင်း ချပြထားတဘ်။ သမ္မတမှာလည်း အီရန်နိုင်ငံ ဘယ်တော့မှ နျူကလီးယား လက်နက် မပိုင်စေရဘူးလို့ ဆန္ဒရှိထားတယ်။ ဒီအတွက် စစ်ရေးနဲ့ အရေးယူသွားဖို့ကိုလည်း အမြဲတမ်း စီစဉ်ထားရှိထားတယ်။”လို့ ဂျေရုဆလင်ကို ရောက်ရှိနေတဲ့ ဘရိန်းဟုခ်ျက အစ္စရေး Channel 13 ရုပ်သံနဲ့ အင်တာဗျူးရာမှာ ပြောခဲ့ပါတယ်။
၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်ကနေ သမ္မတ ထရမ့်က နုတ်ထွက်ပြီး အီရန်အပေါ် အမေရိကန်ဆန်ရှင်တွေ ပြန်လည်ချမှတ်လာပြီးနောက်ပိုင်း နှစ်နိုင်ငံကြားမှာ ဆက်ဆံရေး အခြေအနေ ဆိုးဝါးလျက် ရှိတာလည်း ဖြစ်ပါတယ်။
Rf; MEE
Writer- မောင်သံဆင့်(YGN Times )