တရုတ်အလံတင်ထားသည့် ငါးဖမ်းသင်္ဘော ၂၆၀ နီးပါး အီကွေဒေါပိုင် ဂါလာပါဂိုကျွန်း ကမ်းလွန်တွင် ရောက်ရှိနေသဖြင့် ထိုသင်္ဘောအုပ်စု နိုင်ငံတကာရေပြင်မှ အီကွေဒေါရေပြင်ထဲ ငါးဝင်မဖမ်းရေးအတွက် အာဏာပိုင်များက အမြင့်ဆုံးတပ်လှန့် စောင့်ကြည့်လျက်ရှိသည်။
၂၀၁၇ ခုနှစ်က ဂါလာပါဂို ကျွန်းစု အဏ္ဏဝါထိန်းသိမ်းရေးဇုန်အတွင်း ငါးမန်းအများစု အပါအဝင် ငါးမျိုးစုံ တန် ၃၀၀ ကျော် ဖမ်းတင်လာသော တရုတ်ငါးဖမ်းသင်္ဘောတစ်စင်းကို ဖမ်းမိခဲ့သည်။
အလားတူ တရားမဝင် ဖမ်းဆီးမှုမျိုး ထပ်မံမဖြစ်ပွားစေရန် ရေပိုင်နက်တစ်လျှောက် အမြင့်ဆုံး တပ်လှန့် စောင့်ကြည့်လျက်ရှိကြောင်း အီကွေဒေါ ကာကွယ်ရေးဝန်ကြီး အိုဝယ်ဒို ဂျာရင်က ပြောသည်။