အကောင့်အတုနဲ့ အလှူလိုက်ခံပြီး လိမ်နေတဲ့သူတွေကို သတိပေးလိုက်တဲ့ အမေစုရဲ့ ကိုယ်ရံတော် ချယ်ရီထက်

Posted on

ချယ်ရီထက်ကတော့ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် အမေစုဘေးမှာအမြဲရှိနေတတ်တဲ့သက်တော်စောင့်လေးမို့ ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ပါ။ အမေစုကို အားပေးချစ်ခင်တဲ့သူတွေအတွက်တော့ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် သွက်လက်ထက်မြက်ပြီး သန်မာလွန်းတဲ့ချယ်ရီထက်က

တစ်တပ်တစ်အား အားထားစရာဆိုရင်လည်း မမှားပါဘူး။ ချစ်စဖွယ်ရိုးရှင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ချယ်ရီထက်ကတော့ ပုရိသတွေရဲ့ပါးစပ်ဖျားမှာလည်း ရေပန်းစားနေပါသေးတယ်။ ပရိသတ်အားပေးချစ်ခင်မှုအပြည့်အဝရထားသူပီပီ နာမည်ကြီးလာတာနဲ့အမျှ သူ့နာမည်ကိုအလွဲသုံးစားလုပ်ပြီး

ဖွင့်ထားတဲ့အကောင့်အတုတွေကလည်း လူမှုကွန်ရက်မှာ မနည်းမနောပါပဲ။ အဲ့ဒီထဲက အကောင့်အတုတစ်ခုကတော့ ပြည်သူတွေကိုငွေကြေးလိမ်လည်ဖို့ကြိုးစားလာတဲ့အတွက် ချယ်ရီထက်ကတော့ သတိပေးစကားဆိုခဲ့ပါတယ်။ ” ငတ်နေရင်လည်း တခြားနည်းနဲ့ရှာစားကြပါ။ ကျုပ်ကိုတော့

ဒုက္ခမပေးပါနဲ့ ( အောက်ဖော်ပြပါ Page သည် ကျွန်ပ်၏ Page မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်) ဆိုပြီး လူလိမ်အကောင့်ရဲ့ပုံနဲ့အတူ မျှဝေပေးခဲ့ပါတယ်။ အဲ့ဒီအကောင့်အတုကတော့ ချယ်ရီထက်နာမည်ကိုအလွဲသုံးစားလုပ်ပြီး Covid-19 ကြောင့် စားဝတ်နေရေးကျပ်တည်းနေတဲ့မိသားစုတွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့က စစ်ဘေးရှောင်မိသားစုတွေကို

လှူဒါန်းဖို့ဆိုပြီး အလှူငွေလိမ်လည်ကောက်ခံနေတာပါ။ ချယ်ရီထက်ကတော့ နာမည်အလွဲသုံးစားလုပ်တဲ့သူတွေကို သတိပေးလိုက်တဲ့အပြင် ထပ်ပြီးတော့ပြည်သူတွေအလိမ်မခံရအောင် မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာတော့ ကပ်ဘေးကိုအကြောင်းပြုပြီး အလှူခံအတုတွေပေါများလွန်းတာမို့ ပရိသတ်ကြီးလည်း သတိထားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *