ပုသိမ်မြို့က အထွေထွေရောဂါကု ဆေးရုံကြီးမှာ လိုရာလေးတွေ သုံးဖို့အတွက် သမ္မတဖြစ်လို့ ထုတ်တဲ့ တလစာ သိန်း ၅၀ အပြတ် လှူလိုက်တဲ့ မြန်မာနိုင်ငံသမ္မတကြီးပါသမ္မတကြီး ဦးဝင်းမြင့် သမ္မတ တာဝန် စ ထမ်းဆောင်တဲ့ အချိန် ပိုင်ဆိုင်မှု တင်ပြတော့ အိုးပိုင် အိမ်ပိုင် မတင်ပြနိုင်ဘူးတဲ့ ။ စိတ်တော့ ဘယ်ကောင်းပါ့မလဲ ဗျာ
ဒါပေမဲ့ ဖြေလိုက်ပါတယ် သြော်…သမ္မတလစာက အငြိမ်းစားယူထားတဲ့ သူတွေလို တစ်လ သိန်းတစ်ရာ သိန်းရှစ်ဆယ် မရပေမဲ့ တစ်လ သိန်း ၅၀ ဆိုတော့ ရတဲ့ လစာလေးနဲ့ အိုးပိုင် အိမ်ပိုင်လေး တစ်လုံး တော့ ဖြစ်လာမှာပဲပေါ့
သမ္မတဖြစ်လို့ ထုတ်တဲ့ လစာ အမေချို လက်ထဲတောင် မရောက်သေးဘူး မိဘမဲ့ ကလေးတွေကို ကြွေးရတာနဲ့ ရှင်ပြုပေးရတာနဲ့အိုစုံလို့ပါပဲ ။ ခု တိုင်းပြည်မှာ ကူးစက်ရောဂါ ဟေ့ ဆိုတော့လည်း ကြည့်ဦး ပင်တယ မီးအိမ်ရှင်ဆရာကြီး သန်းမင်းထွဋ်ရှိတဲ့ ပုသိမ်မြို့က အထွေထွေရောဂါကု ဆေးရုံကြီးမှာ လိုရာလေးတွေ သုံးဖို့ အတွက် သူရတဲ့ တစ်လစာ သိန်း ၅၀ အပြတ် လှူလိုက် သတဲ့ဗျာ ဒီတော့ ကျုပ်တို့ သမ္မတကြီးကို ပြည်သူ တစ်ယောက်အနေနဲ့ မေးလိုတာက သမ္မတကြီးခင်ဗျာ ဒီတသက် ကိုယ့်အိမ် ကိုယ်ယာနဲ့ နေဖို့ အစီစဉ်လေးများ ရှိပါသေးသလား ခင်ဗျာ။