အပေါ်ယံလုပ်ပြပြီး အတွင်းစိတ်ပုပ်နေရင် အလကားပဲဆိုတဲ့ စမိုင်းလ်

Posted on

တစ်ခေတ်တစ်ခါက တီဗွီဖန်သားပြင်ထက်မှာ ရေပန်းစားခဲ့ဖူးတဲ့ သရုပ်ဆောင် ကောင်မလေးက စမိုင်းလ်ပါ။ ဆန်းကြယ်တဲ့ ကံကြမ္မာလို့ ဆိုရလောက်အောင် မင်းသမီးလေးနဲ့ ပရိသတ်ကြား ဖူးစာဆုံပြီး စမိုင်းလ်ရဲ့ ဘဝတစ်ဆစ်ချိုးဟာလည်း ပြောင်းလဲခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ကိုမှ အရူးအမူးကြွေတဲ့ ကိုပြည့်မောင်ကို မိဘတွေက စမိုင်းလ်နဲ့ မိတ်ဆက်ပေးခဲ့ချိန်မှာတော့ နှစ်ဦးသား တစ်ဆင့်တက်ပြီး ချစ်သူတွေ ဖြစ်ခဲ့ပါတယ်။ ကိုယ်ဝန်ရမှ မင်္ဂလာရုတ်တရက်ဆောင်လိုက်ရပေမဲ့ တာဝန်ယူချင်စိတ် အပြည့်အဝရှိတဲ့ ကိုပြည့်မောင်က ချို့တဲ့မှုတွေကြား အဆင်မပြေခဲ့တဲ့ မင်္ဂလာဆောင်အကြောင်း ပြန်တွေးတိုင်း ချစ်ဇနီးကို အားနာမိတာပါ။ အောင်မြင်လာတဲ့ အချိန်တွေမှာ ချစ်ဇနီးအတွက် အမြဲတမ်း စဉ်းစားပေးသလို အဖြေပေးတဲ့နေ့က အထိမ်းအမှတ်ပန်းလေးဖြစ်တဲ့ နေကြာပန်းကိုတော့ အမြဲတမ်းတန်ဖိုးထားတယ်လို့ သိရပါတယ်။

နှစ်ဦးသားရဲ့ ချစ်လမ်းခရီး (၂၁) နှစ်ပြည့်မြောက်ချိန်မှာ အမှတ်တရ ဗီဒီယိုလေးကို Joosk အဖွဲ့သားတွေက ဖန်တီးပေးခဲ့သလို ပရိသတ်တွေဆီလည်း ကြည်နူးမှုအဟုန်တွေ ပျံ့လွင့်ခဲ့တာပါ။ ခင်ပွန်းကောင်း တာဝန်ကျေပွန်သလို ဖခင်ကောင်းလည်းဖြစ်တဲ့ ကိုပြည့်မောင်ကို ပိုင်ဆိုင်ရခြင်းက စမိုင်းလ်အတွက် လာဘ်ကြီးတစ်ပါးဖြစ်သလို ဘာသာရေးမှာလည်း ဘုရားသွားကျောင်းတက် ကုသိုလ်တူတူ ပြုနိုင်တာ ဖြစ်ပါတယ်။

စမိုင်းလ်တို့မိသားစုရဲ့ ပို့ဆောင်ပေးမှုကြောင့် ကျိုက်ငါးကျိုက် အဓိဌာန်ခရီးမှာ လူပေါင်းရာကျော် ပါဝင်နိုင်ခဲ့သလို တစ်နေရာတည်းမှာ တစ်စုတစ်ဝေး သာသနာပြုနိုင်အောင် အားလုံးအတွက် စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ မြန်မာနိုင်ငံနယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်းရဲ့ ဂုဏ်ထူးဆောင်သံတမန်အဖြစ် ခန့်အပ်ခြင်း ခံထားရသလို သာသနာပြုလုပ်ငန်းတွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်နေတာပါ။ ဘယ်လိုပင်ကောင်းကျိုးတွေ ဆောင်ရွက်နေပေမဲ့ အပြစ်တင်ဝေဖန်မှုတွေ ရှိနေကြတာမို့ ဘေးထိုင်ဘုပြောနေသူတွေကိုတော့ စမိုင်းလ်က ခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။“ပိုက်ဆံဆင်းရဲတာက မျှော်လင့်ချက်ရှိတယ်…စိတ်ဓါတ်ဆင်းရဲရင် မျှော်လင့်ချက် မရှိတော့ဘူး…စိတ်ဓါတ်အောက်တန်းကျရင် ဘဝမလှတော့ဘူး…အပေါ်ယံလုပ်ပြပြီး အတွင်းစိတ်ပုပ်နေရင် အလကားပဲဆင်ခြင်နိုင်ကြပါစေ…” ဆိုပြီး ရေးသားထားတာပါ။စမိုင်းလ်ရဲ့ ရေးသားချက်ကိုတော့ ထောက်ခံကြတဲ့ ပရိသတ်တွေရှိသလို နောက်ထပ်လည်း ကောင်းမှုကုသိုလ်တွေ ပြုလုပ်နိုင်ဖို့ အားပေးကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *