အဖေနဲ့ အတူတူအလုပ်ကိုင်ခဲ့တဲ့ အမှတ်တရနေရာလေးကို သွားရောက်ခဲ့တဲ့ ဖြိုးမြတ်အောင်

Posted on

Myanmar Idol Season(3)ရဲ့ Winner ဖြစ်သူ အဆိုတော် ဖြိုးမြတ်အောင်ကိုတော့  ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ဖြိုးမြတ်အောင်ကတော့ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးမှုတွေကို ပြိုင်ပွဲဝင်စဉ်မှာတည်းကရော ပြိုင်ပွဲပြီးနောက်ပိုင်းမှာပါ တစ်ခဲနက်ရရျိနေပြီး အောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်နေသူ ပဲဖြစ်ပါတယ်.။ ဂုဏ်တွေ ပကာသနတွေ မထားဘဲ ရိုးရိုးရှင်းရှင်းသာ နေထိုင်တတ်တဲ့ သူ့ရဲ့ အပြုအမူလေးတွေဟာ ပရိသတ်တွေအချစ်ပိုစေတဲ့ အချက်လို့ ပြောရင်မှားမယ်  မထင်ပါဘူးနော်။

ဖြိုးမြတ်အောင်က သူ့ရဲ့ မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ နေထိုင်ရတာကို နှစ်သက်ပြီး မိသားစုနဲ့ အတူရှိခဲ့တဲ့ အမှတ်တရတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ။  ဖြိုးမြတ်အောင်က သူ့ရဲ့ ဖခင်ဖြစ်သူနဲ့ အတူတူတ အလုပ်လုပ်ဖူးခဲ့တဲ့ ခြံလေးဆီကို ရောက်ရှိခဲ့တဲ့ အကြောင်းလေးကို “အဖေနဲ့အတူ အလုပ်လုပ်ခဲ့ဖူးတဲ့ ခြံလေးထဲ သွားရောက်ကြည့်ရှု့” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။

ဖြိုးမြတ်အောင်ကတော့ ဖခင်ဖြစ်သူနဲ့ အမှတ်တရတွေ ရှိခဲ့တဲ့ နေရာလေးကို သွားကာ လွမ်းမောသတိရခဲ့တဲ့ ပုံပါပဲနော် ပရိသတ်ကြီး။ ပရိသတ်ကြီးအတွက်လည်း ဖခင်ဖြစ်သူနဲ့ အမှတ်တရတွေ ရှိခဲ့တဲ့ နေရာလေးမှာ ရိုက်ကူးခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.။ ပရိသတ်ကြီးလည်း ဖြိုးမြတ်အောင် ကို အားပေးရင် မှတ်ချက်လေးတွေ ရေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *