အမေကို သတ်သွားတဲ့သူတွေကို ကြိုးစားပြီး ဖော်ထုတ်ခဲ့ရတဲ့အကြောင်းကို ဝမ်းနည်းစွာ ပြောပြခဲ့တဲ့ ဆောင်းအိနြေ္ဒထွန်း

Posted on

သရုပ်ဆောင် မင်းသမီး ဆောင်းအိနြေ္ဒထွန်းကတော့ ဇာတ်ကားများစွာကို ရိုက်ကူးသရုပ်ဆောင်ပြီး အားပေးတဲ့ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။ ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းမဲ့လှတဲ့ သူမရဲ့ ပင်ကိုယ်စိတ်ထားလေးကြောင့် ပရိတ်သတ်တွေက အချစ်ပိုနေရတာပါ။

သူမကတော့ မင်းသား ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသင်္ဂဟ အဖွဲ့ က ဗဟို အမျိုးသမီးဆေးရုံ က မွေးလူနာများ လှုဒါန်းပွဲ မှာလည်း ဝင်ရောက်လှူဒါန်းခဲ့ပါသေးတယ်။ အဆိုပါ လှူဒါန်းတဲ့ ပွဲလေးမှာ ဆောင်းအိနြေ္ဒထွန်းကတော့ သူမအနေနဲ့ ချစ်ခင်ရသူများကို ဆုံးရှုံးပြီးတဲ့နောက် ဘဝကို ကြိုးစားဖြတ်သန်းနေပုံတွေကို မီဒီယာမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

မင်းသမီးချော ဆောင်းအိနြေ္ဒထွန်း ဖြေကြားခဲ့တာကတော့ ” အမ အနေနဲ့ သေရင်ကိုယ့်နောက်ပါမှာ မဟုတ်တဲ့အတွက် အလှူအတန်းတွေကိုတော့ တစ်လတစ်ခါ လုပ်ဖြစ်အောင် ကြိုးစားနေပါတယ်။ အမက အကိုတွေရော အမေကိုရော ဆုံးရှုံးထားတာ သိပ်မကြာသေးဘူး။ အဲ့ချိန်မှာ သင်္ခါရတရားကို အများကြီး နားလည်သွားတယ်။ မိဘနှစ်ပါးရော အကိုတွေရော အမတွေရော ဆုံးပါးသွားတဲ့အတွက် အမွေတွေတော့ အများကြီး ရလိုက်တယ်။

ဒါပေမဲ့ ချစ်ရတဲ့သူတွေ ဆုံးရှုံးလိုက်ရတော့ သံဝေဂတရား ရသွားတယ်။ သေရင်ကိုယ့်နောက်ပါမှာ မဟုတ်ဘူးဆိုတာလည်း သိသွားတယ်။ အဲ့အတွက်ကြောင့် ကိုယ့်အတွက် ဘာမှ မချန်ထားဘူး လှူဖို့ပဲ စဉ်းစားတယ်။ အရမ်းချမ်းသာနေလို့တော့ မဟုတ်ပေမဲ့ ကိုယ့်နောက်ပါ့မယ် အရာတွေအတွက် လှူဖြစ်နေတာပါ။ ကိုယ့်အတွက် မချန်ဘူး ကိုယ့်မိဘအတွက်ပဲ ရည်စူးပြီး လှူဖြစ်တယ်။

မိသားစုဝင်တွေ ဆုံးပါးသွားတဲ့အခါ ကိုယ်က အမွေတွေတော့ ရလိုက်တယ် ။ ဒါပေမဲ့ အဲ့ဒါတွေ မလိုချင်ဘူး ကိုယ်ချစ်တဲ့သူတွေကသာ ကိုယ့်ဘဝမှာ အရေးကြီးဆုံးလေ… မေမေ ဆုံးပါးသွားတာကလည်း သူများက အမေ့ကို သတ်သွားတဲ့ ပုံစံမျိုး ဖြစ်နေတော့ အမ တော်တော် စိတ်မကောင်းဘူး။ အမေ့ကို ရက်ရက်စက်စက်သတ်သွားတဲ့သူတွေကို အမ မနည်း ဖော်ထုတ်လိုက်ရတယ်။ မိဘတွေ အကိုတွေ အမတွေက ချစ်တော့ အမွေတွေကို တစ်ယောက်တည်း ရခဲ့ပေမဲ့ ကိုယ်ကတော့ အမေ့ကိုပဲ ပြန်လိုချင်တယ်။

အနုပညာဘက်မှာလည်း မမဆောင်း အားထည့်ပြီးတော့ ကြိုးစားနေတယ်။ ဟိုးတုန်းက အားပေးခဲ့တဲ့ ပရိတ်သတ်တွေရော…တက်သစ်စ မင်းသမီးချော ပုံစံမျိုး အားပေးခဲ့တဲ့ ပရိတ်သတ်တွေကို မမဆောင်းက ကျေးဇူးတင်ပါတယ်။ပရိတ်သတ် ရင်ထဲ အသည်းထဲ ရောက်အောင် ကြိုးစားမယ်လို့တော့ မမဆောင်းက စဉ်းစားထားပါတယ်။ ” ဆိုကာ သူမရဲ့ ဘဝဖြတ်သန်းနေပုံကို ဖြေဆိုခဲ့ပါတယ်။

ပရိတ်သတ်ကြီးရေ ချစ်ရသူတွေ အားလုံးကို ဆုံးရှုံးခဲ့ရပြီး လက်ရှိမှာလည်း အမွေတွေကို လှူဒါန်းမှုတွေ လုပ်နေတဲ့ မင်းသမီးချော ဆောင်းအိနြေ္ဒထွန်း အတွက် အားပေးစကားလေး ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Leave a Reply

Your email address will not be published. Required fields are marked *