အဆိုတော် ပိုပိုကတော့ ဆန်းသစ်တဲ့အနုပညာဖန်တီးမှုတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားတဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။ သူမကတော့ အလွမ်းအဆွေးသီချင်းလေးတွေကို ပရိသတ်ရင်ထဲရောက်အောင်အရောက်ပို့ပေးနိုင်သူတစ်ယောက်ဖြစ်ပြီးတော့ တေးစီးရီးအယ်ဘမ်တော်တော်များစွား ထွက်ရှိထားကာ အောင်မြင်မှုအခိုင်အမာရရှိထားပါတယ်။
ယနေ့မှာတော့ အဆိုတော်ပိုပိုဟာ အမေစုပုံ လော့ကတ်သီးလေးလက်ဆောင်ရလို့ ပျော်နေတဲ့အကြောင်းကို “အမေစု လော့ကတ်လေး ချစ်လိုက်တာ လိုချင်နေတာကြာပြီ အောင်သပြေ ရွှေဆိုင်က အမေစု လောကတ်လေး ဆွဲပြီး မန်းတလေး မြို့ကြီးသို့ လာပါပြီ ဆွဲကြိုးလေး လက်ဆောင်ပေးတဲ့ မမ ပိုဟန် ကိုလဲ ကျေးဇူးပါရှင့် ကဲ ပို့လို အမေစု ပုံလေးနဲ့ ဆွဲချင်ရင်တော့ အောက်သပြေ ရတနာ ရွှေဆိုင်က မှာဝယ်လို့ရပါတယ်နော် ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ပရိသတ်ကြီးရေ အဆိုတော်ပိုပိုကတော့ သူလေးစားချစ်ခင်ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်ကြည်ပုံ လော့ကတ်သီးလေးကို လက်ဆောင်လိုက်ရပါတယ်တဲ့။သူကတော့ သူ့လို အမေစု ပုံလေးနဲ့ ဆွဲချင်တဲ့ ပရိသတ်တွေက်ု ရရှိနိုင်တဲ့နေရာလေးကို ပြောပြထားပါသေးတယ်နော်။