အမေရိကန်တွင် ကိုရိုနာကူးစက်ခံရသူ ၇ သိန်းကျော်နှင့် သေဆုံးသူ ၃၇၀၀၀ ကျော်ရှိပြီ

Posted on

အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ မွန်းလွဲပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇ သိန်းကျော်နဲ့ သေဆုံးသူ ၃၇၀၀၀ ကျော်သွားပြီလို့ worldometers သတင်းမှာ ဖော်ပြပါတယ်။နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကွာမိုကတော့ ဆေးစစ်တာတွေကို မဖြစ်မနေ တိုးချဲ့လုပ်ဆောင်ရမှာဖြစ်ပြီး ပြည်နယ်အနေနဲ့ ဖက်ဒရယ်အစိုးရရဲ့ အကူအညီလိုအပ်တယ်လို့ ပြောပါတယ်။နယူးယောက်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ဆက်နွှယ်ပြီး ဆေးရုံတင်ရတဲ့ လူနာဦးရေ လျော့လာတယ်ဆိုပေမဲ့ တနေ့ကို လူဦးရေ ၂ ထောင်ဝန်းကျင်ကို ဆေးရုံတင်ကုသနေရတုန်း ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး ကွာမိုက သူ့အနေနဲ့ ဓာတ်ခွဲခန်းတွေနဲ့ ဆေးရုံပေါင်း ၃၀၀ ကို ဗိုင်းရပ်စ်စစ်ဆေးရေးလိုင်စင်တွေ ထုတ်ပေးသွားမယ်လို့လည်း ပြောပါတယ်။ကယ်လီဖိုးနီး ယားပြည်နယ်မှာလည်း အလုပ်လက်မဲ့ဦးရေနှုန်းဟာ ၂၀၁၀ ကစလို့ အမြင့်ဆုံးရောက်လာပြီး ပြီးခဲ့တဲ့ လေးပတ်တာကာလအတွင်းမှာ လူပေါင်း ၂ ဒဿမ ၇ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့တယ်ဆိုပါတယ်။ဒါဟာ ပြည်နယ်တွင်း အလုပ်သမား ၇ ဦးမှာ ၁ ဦး အလုပ်လက်မဲ့နှုန်းဖြစ်တယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *