အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တင်ထားသော ပို့စ်အား facebook ဖြုတ်ချ

Posted on

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့် တင်ထားသော ပို့စ်တစ်ခုကို facebook က ယမန်နေ့(သြဂုတ် ၅ရက်)က ပြန်လည်ဖြုတ်ချလိုက်သည်။ သမ္မတထရမ့်၏ အဆိုပါ ပို့စ်သည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်မှားများကို မျှဝေခြင်းဖြစ်သဖြင့် facebook ၏ စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်သောကြောင့် ထိုသို့ဖြုတ်ချလိုက်ရခြင်းဖြစ်ကြောင်း facebook ကုမ္ပဏီကပြောသည်။

ယင်းပို့စ်မှာ သမ္မတထရမ့်နှင့် Fox သတင်းဌာန၏ အင်တာဗျူးဝယ် “ကလေးငယ်များသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ခံနိုင်ရည်ရှိကြသည်”ဟု ထရမ့်ကပြောကြားသော ဗီဒီယိုဖိုင်အတိုတစ်ခုပါဝင်သည်။

ယင်းသည် COVID-19 နှင့်ပတ်သက်၍ သတင်းအချက်အလက်မှားကို အများပြည်သူသို့ဖြန့်ဝေခြင်းဖြစ်ကြောင်း facebook ၏ ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

ယင်းသည် ဒေါ်နယ်ထရမ့်၏ ပို့စ်တစ်ခုအား facebook မှ ပထမဆုံးဖြုတ်ချခြင်းဖြစ်သလို၊ လူမှုကွန်ရက်များတွင်လည်း ပထမဆုံးဖြုတ်ချခြင်းဖြစ်ကြောင်း အဆိုပါပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အိမ်ဖြူတော်မှ တုန့်ပြန်ပြောဆိုခြင်းမရှိသေးချေ။

Source: Reuters/nh

Leave a Reply

Your email address will not be published. Required fields are marked *