အမေရိကန်လေယာဉ်တင်သင်္ဘောတုကို ဒုံးကျည်များဖြင့် အီရန်ပစ်ခတ်ဖျက်ဆီး

Posted on

မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားအတွင်းမှာ အမေရိကန်လေယာဉ်တင်သင်္ဘောတုပစ်မှတ်တစ်ခုကို အီရန်က မစ်ဆိုင်းဒုံးကျည်တွေနဲ့ ပစ်ခတ်ဖျက်ဆီး လေ့ကျင့်ခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်အကြား ပင်လယ်ကွေ့ရေပြင်မှာ တင်းမာမှုမြင့်တက်နေချိန်မှာ အီရန်က သူဖန်ဆီးထားတဲ့ လေယာဉ်တင်သင်္ဘောတုပစ်မှတ်ကို ဖျက်ဆီးသရုပ်ပြခဲ့တာပါ။

၁၄ ဆက်မြောက် ပရောဟိတ်မိုဟာမက်လို့ နာမည်ပေးထားတဲ့ ဒီသရုပ်ပြပွဲကို အီရန်နိုင်ငံပိုင်ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။
ပင်လယ်ကွေ့ထဲ ဖြတ်သန်းလေ့ရှိတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘောတွေကို ကိုယ်စားပြုပြီး အရွယ်ချုံ့တည်ဆောက်ထားတဲ့ လေယာဉ်တင်သင်္ဘောတုကို အီရန်က မြေပြင်၊ ရေပြင်၊ ဝေဟင်အသီးသီးကနေ မစ်ဆိုင်းဒုံးကျည်တွေနဲ့ ပစ်ခတ်ဖျက်ဆီးပြခဲ့ပါတယ်။

အီရန်ရဲ့အပြုအမူဟာ တာဝန်မဲ့ပြီး မဆင်ခြင်တဲ့လုပ်ရပ်လို့ အမေရိကန်ရေတပ်က ပြောဆိုရှုတ်ချလိုက်ပြီး ဒေသရေကြောင်းလမ်းကို ခြိမ်းခြောက်ဖို့နဲ့ အကျပ်ကိုင်ဖို့ ကြိုးပမ်းနေတာလို့လည်း ပြောဆိုခဲ့ပါတယ်။

လေ့ကျင့်ခန်းက လေကြောင်းနဲ့ ရေကြောင်းတပ်ဖွဲ့တွေရဲ့ စစ်ဆင်နိုင်စွမ်းကို ပြသခဲ့တာလို့ အီရန်တော်လှန်ရေးအစောင့်တပ် တပ်မှူး ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက ရုပ်သံကနေ ပြောခဲ့ပါတယ်။

ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှုကို ထောက်လှမ်းမိလို့ ယူအေအီးရဲ့ ကာတာက အမေရိကန်တပ်တွေကို တပ်လှန့်ထားခဲ့တယ်လို့ မေရိကန်စစ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အီရန်က ဒေသရေကြောင်းလမ်းကို ခြိမ်းခြောက်ဖို့နဲ့ အကျပ်ကိုင်ဖို့ ကြိုးပမ်းနေတာကြောင့် အမေရိကန်ရေတပ်ဟာ မိတ်ဆွေများနဲ့အတူ ရေကြောင်းလမ်းလွတ်လပ်ရေးကို အထောက်အကူပြုတဲ့ ရေကြောင်းလုံခြုံရေးမြှင့်တင်တဲ့ ကာကွယ်ရေးလေ့ကျင့်ခန်းတွေမှာ ပါဝင်လျက်ရှိတယ်လို့ ဘာရိန်းအခြေစိုက် အမေရိကန်ရေတပ် ပဉ္စမတပ်တော်စု ပြောခွင့်ရသူ ကွန်မန်ဒါ ရီဘက်ကာ ရဲဘရစ်ခ်ျက ပြောဆိုခဲ့ပါတယ်။

Ref; BBC

Leave a Reply

Your email address will not be published. Required fields are marked *