မြောက်ကိုရီးယားနဲ့ ချိတ်ဆက်မှုရှိတယ်လို့ သံသယရှိရတဲ့ ဟက်ကာတွေဟာ အမေရိကန် အာကာသနည်းပညာနဲ့ စစ်လက်နက်ကုမ္ပဏီတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးကုမ္ပဏီ McAfee က အကဲဖြတ်စစ်တမ်းကို ထုတ်ပြန်ပါတယ်။
Operation North Star ဆိုတဲ့ ဟက်ကာကမ်ပိန်းတစ်ရပ်မှာ ဟက်ကာတွေဟာ အလုပ်သမားတွေဆီ အလုပ်ကမ်းလှမ်းချက် အီးမေးလ်တုတွေ ပို့ခဲ့တယ်လို့ McAfee က ဆိုပါတယ်။
ဒီ အီးမေးလ်တုတွေအရ အလုပ်သမားတွေရဲ့ စက်ကိရိယာတွေထဲ ဝင်ရောက်ပြီး နက်ဝက်ထဲမှာ ခြေကုပ်ယူနိုင်ကာ အချက်အလက်တွေ ခိုးယူဖို့ကို လမ်းပွင့်အောင် လုပ်ခဲ့တာ ဖြစ်တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီ ကမ်ပိန်းအတွင်းမှာ ခုလို အတုပို့ထားတဲ့ အီးမေးလ်အများအပြားကို McAfee သုတေသီတွေအနေနဲ့ မဖော်ထုတ်နိုင်ပေမယ့် အဲဒီ Operation North Star ဟက်ကာတိုက်ခိုက်မှုဟာ လူသိများတဲ့ Hidden Cobra ဆိုတဲ့ မြောက်ကိုရီးယား ဟက်ကာအုပ်စုနဲ့ ချိတ်ဆက်မှု ရှိထားပုံ ရတယ်လို့ ဆိုပါတယ်။
အဓိကအားဖြင့်ကတော့ အခု အတုအီးမေးလ်တွေဟာ ၂၀၁၇ ခုနှစ်အတွင်းက အလားတူ ကုမ္ပဏီတွေကို ပေးပို့ခဲ့တဲ့ အီးမေးလ်တုတွေနဲ့ ၂၀၁၉ က အိန္ဒိယ စစ်လက်နက်ထုတ်လုပ်ရေးဆီ ပေးပို့ခဲ့တဲ့ အီးမေးလ်တုတွေနဲ့ အလားတူပဲ ဖြစ်ပြီး ခုနှစ်မှာ အမေရိကန် စစ်ရေးနဲ့ အာကာသရေး ကုမ္ပဏီတွေကို တိုက်ခိုက်ဖို့အတွက် ထပ်မံ အသုံးပြုလာတာပဲလို့ McAfee က ပြောပါတယ်။
ထပ်မံပြီး Operation North Star မှာ အသုံးခဲ့တဲ့ domain အချို့ဟာ Hidden Cobra တွေရဲ့ အခြား ဟက်ကာတိုက်ခိုက်မှုတွေမှာ သုံးခဲ့တာတွေနဲ့ တူနေကြောင်းလည်း အကဲဖြတ်တွေက မှတ်ချက်ပြုထားပါတယ်။
“ကျွန်တော်တို့ရဲ့ ဆန်းစစ်ချက်အရ ဒီလို အီးမေးလ်တုတွေ ပို့ပြီး တိုက်ခိုက်ဖို့ လုပ်တာဟာ ၂၀၁၉ က တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်လာပုံရှိတာလို့ မှတ်ချက် ချရပါတယ်။ ဟက်ကာတိုက်ခိုက်ပုံ ခြေစလက်စတွေဟာ တော်တော်လေးကို တူနေတယ်။”လို့ McAfee ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Rf; Data Breach
Writer- မောင်သံဆင့်( YGN Times )