အမေဖြစ်သူရဲ့ ရုတ်တရက်ဆုံးပါးသွားမှုကြောင့် သူမရဲ့ ခံစားချက်လေးတွေကို ရင်ဖွင့်လာတဲ့ သန္တာဗိုလ်

Posted on

မော်ဒယ် သရုပ်ဆောင် မင်းသမီးချောလေး သန္တာဗိုလ်ကိုတော့  ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်။ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးမှုတွေကို ရရှိထားတဲ့ မင်းသမီးချောလေး သန္တာဗိုလ်ကတော့ အစ်မဖြစ်သူ ချောရတနာနဲ့ အမြဲစနောက်ပျော်ရွှင်ကာ အချစ်ရေးမှာ မင်းသားချော ကောင်းပြည့်နဲ့ သက်တမ်းကြာမြင့်နေတဲ့ ချစ်သူစုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။

ဧပြီလ(၇)ရက်နေ့မှာ မိခင်ဖြစ်သူရဲ့ ရုတ်တရက်ဆုံးပါးသွားတာကြောင့် ချောရတနာတို့ ညီအစ်မ နှစ်ယောက်စလုံးရော အနုပညာရှင်အချို့ပါ အံ့သြဝမ်းနည်းခဲ့ရပါတယ်။ ဒီနေ့ ဧပြီလ (၈)ရက်နေ့မှာတော့ သန္တာဗိုလ်က “မေကြီး သမီးကိုစိတ်ချပါနော်။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။

မိခင်ဖြစ်သူရဲ့ ရုတ်တရက်ဆုံးပါးမှုကြောင့် သူမတို့ ညီအစ်မနှစ်ယောက်လုံးအတွက် အရမ်းကို ရုတ်တရက်ဆန်ခဲ့တဲ့ အခြေအနေတစ်ခုဖြစ်ခဲ့တာမို့ သူမအတွက် စိတ်ချပါလို့ မိခင်ဖြစ်သူကို ရည်စူးကာ တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး။ပရိသတ်ကြီးလည်း မိခင်ဖြစ်သူရဲ့ဆုံးပါးမှုအတွက် ဝမ်းနည်းပူဆွေးနေတဲ့ သန္တာဗိုလ်တို့ညီအစ်မနှစ်ယောက်အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *