ပရိသတ်ကြီးရေ ထင်သစ္စာကတော့ ဆယ်ကျော်သက် အမျိုးသားပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အနုပညာမျိုးဆက်သစ်လေးပဲ ဖြစ်ပါတယ်။ ဝါရင့် အကယ်ဒမီသရုပ်ဆောင်မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သမီးလေးပဲ ဖြစ်တဲ့အပြင် အခုချိန်မှာ အနုပညာခြေလှမ်းတွေစတင်နေပြီလို့ဆိုရမှာပါ။အမေဖြစ်သူ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးခင်ဇာခြည်ကျော်နဲ့ TikTok လေးတွေ ဆော့ကာ ပရိသတ်တွေအမြဲဝေမျှလေ့ရှိပါသေးတယ်။
အနုအညာပွဲတွေကိုလည်း အမေဖြစ်သူခင်ဇာခြည်ကျော်နဲ့ တက်ရောက်နေပြီး အမျိုးသားပရိသတ်တွေက သူမရဲ့စကားပြောပုံလေးတွေကို သဘောကျကာ နန်းဆန်လွန်းတဲ့ ဆံကေသာ အရှည်ကြီးကို ပိုင်ဆိုင်ထားသေးတာကြောင့်လည်း ကိုကိုတွေသဘောကျတဲ့ အနုပညာမျိုးဆက်သစ်လေးတစ်ယောက်လို့ ဆိုရမှာပါ။မကြာခင်မှာလည်း သရုပ်ဆောင်ဘက်ထက် အဆိုဘက်ကို ပိုဝါသနာပါတာကြောင့် အဆိုပိုင်းကို လျှောက်လှမ်းတော့မယ်လို့လည်းသိရပါတယ်။
ဒီနေ့မှာလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ မေမေနဲ့ပါတိတ်ကြော်ငြာရိုက်” ဆိုတဲ့စာသားလေးနဲ့အတူ ရိုက်ကွင်းပုံရိပ်လေးတွေကို ဝေမျှခဲ့ပါတယ်။သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာလည်း “ မြန်မာမလေးပါ ” ဆိုတဲ့ စာသားလေးနဲ့အတူ ရိုက်ကွင်းမစခင်ပုံရိပ်လေးတွေကို ဖော်ပြထားပါသေးတယ်နော်။ ပရိသတ်ကြီးလည်း အရွယ်ငယ်ငယ်လေးနဲ့ နန်းဆန်ပြီးလှနေတဲ့ ထင်သစ္စာလေးကိုချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။