အပြင်မထွက်ရလို့ ပျင်းနေတဲ့ ပရိသတ်တွေအတွက် ပျော်စရာအစီအစဉ်လေးတစ်ခုကို ပြုလုပ်လိုက်တဲ့ ခင်ဝင့်ဝါရဲ့ ဗီဒီယိုဖိုင်လေး

Posted on

အရုပ်မလေးတစ်ရုပ်လို လှပတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ခင်ဝင့်ဝါလေးက ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းတဲ့ သူမရဲ့ အပြုအမူလေးတွေ က ပရိသတ်တွေရဲ့ အချစ်တွေကို ပိုစေတဲ့ အချက်လို့ ပြောရင်မှားမယ် မထင်ပါဘူးနော်..။ ခေးလေး ခင်ဝင့်ဝါကတော့ အမြဲပျော်ရွှင် ပေါ့ပါးစွာ သူမရဲ့ ဘဝကို ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ သူပဲဖြစ်ပါတယ်။

နှစ်တိုင်းသင်္ကြန်မှာ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စွာ သီဆိုဖျော်ဖြေကာ တွေ့ဆုံခဲ့ပေမယ့် ဒီနှစ်(၂၀၂၀) ခုနှစ် သင်္ကြန်မှာတော့ အပြင်မှာ ရေမပတ်ရလို့ ပျင်းနေတဲ့ ပရိသတ်တွေအတွက် Online ရေသဘင်လေးလုပ်ထားတဲ့ Challenge ဗီဒီယိုလေးကို “ကဲ ခေးက တော့ ဒီနှစ် သင်္ကြန်ကို online ကနေ ဆင်နွှဲလိုက်ပါတယ် ချစ်ဆုံးတို့ရေ .။ ခေး နဲ့ အတူ ဒီ Challenge လေးမှာ ပါဝင် ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ် နော် .။ “ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ၍ ကာကွယ်ပါ။”onlineရေသဘင်…2020waterfestivalmyanmar…. covid19challenge” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။

ခေးလေးကတော့ အိမ်မှာနေရင်းပျင်းနေတဲ့ ပရိသတ်တွေအတွက် ပျော်ရွှင်အောင် ပြုလုပ်လိုက်တာပါပဲနော် ပရိသတ်ကြီး..။  ပရိသတ်ကြီးအတွက် ခေးလေးခင်ဝင့်ဝါရဲ့ Online ရေသဘင်ပွဲတော် ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း မင်းသမီးချောလေး ခင်ဝင့်ဝါကို အားပေးရင် မှတ်ချက်လေး ရေးပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *