အပြင်မှာ တခါမှမမြင်ဖူးသေးတဲ့သူကို အွန်လိုင်းချစ်သူအဖြစ်ရွေးချယ်ခဲ့ရတဲ့အကြောင်းအရင်းကို ဖွင့်ဟလာတဲ့ မင်းသမီးချော မေမီကိုကို

Posted on

မေမီကိုကိုကတော့ MRTV-4ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမူကိုစတင်ရရှိခဲ့တဲ့သရုပ်ဆောင်တစ်ယာက်ပဲဖြစ်ပါတယ်။ သူမရဲ့ရိုးသားကြိုးစားမှုတွေကြောင့် အချိန်တိုအတွင်းမှာပဲအောင်မြင်လာခဲ့ပြီး ပရိသတ်တွေရဲ့အချစ်ကိုအပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။လတ်တလောမှာလည်းမေမီကိုကိုဟာ ကြော်ငြာတွေနဲ့အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့မေမီကိုကိုကသရုပ်ဆောင်အလုပ်တွေအပြင် အဆိုတော်တစ်ယောက်အနေနဲ့ပါအနုပညာအလုပ်တွေကိုချဲ့ထွင်လုပ်ကိုင်နေခဲ့ပါတယ်။ မကြာသေးခင်ကလည်းသူမရဲ့ပထမဦးဆုံးသီချင်းလေးဖြစ်တဲ့”အလွမ်းပြေ”သီချင်းလေးကလည်းပရိသတ်တွေအကြိုက်နဲ့ထပ်တူကျခဲ့ပြီးပရိသတ်အားပေးမှုကိုအပြည့်အဝရရှိခဲ့ပါတယ်

သူမရဲ့ “အနမ်းတစ်ပွင့်ရဲ့ကျိန်စာ”စာအုပ်အသစ်ကို ပရိသတ်ထံရောင်းချပေးခဲ့တဲ့ပွဲမှာတော့ မေမီကိုကိုက သူမရဲ့ အွန်လိုင်းချစ်သူအကြောင်းပြောပြလာခဲ့တာပါ မေမီကိုကိုက ” ချစ်သူကစိတ်ထားကောင်းတဲ့အသိုင်းအဝိုင်းကပါ တခုခြွင်းချက်ကတော့အပြင်မှာတခါမှမမြင်ဖူးသေးဘူး အွန်လိုင်းချစ်သူပေါ့ အွန်လိုင်းမှာကိုကတော်တော်လေးနက်မှုရှိတယ်အစစအရာရာလူကြီးဆန်တယ် တော်တော်များများကတော့ပြောမှာပါ လူတောင် အပြင်မှာမမြင်ဖူးပဲနဲု့ ဘာအရူးထတာလဲပေါ့ သူငယ်ချင်းတွေဆိုလဲတော်တော်အံဩတယ် သူတို့ကိုယ်တိုင်လည်းမိတ်ဆက်ပေးတယ် Video Call ပြောကြည့်တဲ့အခ့ကျ သူတို့ကိုယ်တိုင်လည်း လက်ခံပေးတယ် သူတို့ကိုယ်တိုင်လေးစားအားကျတဲ့သူဖြစ်သွားတယ်ပေါ့ ကိုယ်ကိုတိုင်ကလည်းသူ့ကိုတကယ်လေးစားအားကျမိတယ်ပေါ့ ဒါကြောင့် ချစ်သူအဖြစ်ရွေးချယ်ဖြစ်ခဲ့တာပါ ” လို့ပြောပြလာခဲ့တာဖြစ်ပါတယ်

မေမီကိုကိုကတော့တကယ့်ကို ထူးဆန်းတဲ့ ချစ်သူရွေးချယ်မှုလေးကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ကြပါအုန်းနော်

Leave a Reply

Your email address will not be published. Required fields are marked *