အနုပညာရှင်တွေနဲ့ ပရိသတ်တွေကို တောင်းပန်စကားဆိုလာတဲ့ ယုန်လေး

Posted on

အဆိုတော်ယုန်လေးဟာ သူဖန်တီးခဲ့တဲ့ စည်းလုံးသင့်ပြီ မြန်မာပြည်ဆိုတဲ့ သီချင်း MV နှင့်ပတ်သက်ပြီး အနုပညာရှင်တွေနှင့်တကွ ပရိသတ်တွေကို တောင်းပန်လိုက်ပါတယ်။

သြဂုတ်လ ၄ ရက်နေ့က ထွက်ရှိလာတဲ့ အဆိုတော်ယုန်လေး ဖန်တီးထားတဲ့ ဒီသီချင်း MV မှာ အနုပညာရှင်ပေါင်းမြောက်မြားစွာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ သီဆိုသူတွေနှင့် ပါဝင်သရုပ်ဆောင်သူ များစွာပါဝင်ထားတဲ့ ဒီသီချင်းဟာ စည်းလုံးခြင်းကို Message ပေးချင်တာသက်သက်ဖြစ်တယ်လို့ ယုန်လေးက ပြောပါတယ်။

သို့သော်လည်း ဒီ MV ထဲမှာပါဝင်တဲ့ အချို့သော ဇာတ်ဝင်ခန်းတွေနှင့်ပတ်သက်လို့ ဖန်တီးသူယုန်လေးအပြင် ပါဝင်သူ အနုပညာရှင်အချို့ပါ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို များစွာခံစားနေခဲ့ရတာဖြစ်ပါတယ်။ ယုန်လေးကတော့ ဒီလိုဖန်တီးခဲ့မှုနှင့်ပတ်သက်ပြီး ပရိသတ်တွေကို ယခုလိုပဲ တောင်းပန်ကြောင်း သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာရေးသားခဲ့တာပါ။

“ကျွန်တော် ဒီသီချင်းလေး ကို အများကြီး အပင်ပန်းခံ စိတ်နှစ်ပြီး လုပ်ခဲ့တာတွေက အခုလို ဖြစ်သွားတာ အရမ်းစိတ်ထိခိုက်ပါတယ်ဗျာ .အနုပညာကို အနုပညာလိုပဲ မြင်ပေးပါဆိုတဲ့ စကားကို မပြောတော့ပါဘူး . တကယ် ရူးသွတ်ထားတာပါ . ကျွန်တော့် မှာစည်းလုံးစေချင်တဲ့ ရည်ရွယ်ချက်ကလွဲပြီး ကျန်တာ ဘာမှ မရှိပါဘူး .ဒီနေ့ ဒီသီချင်းလေး ကြောင့် စိတ်အနှောင့်ယှက် ဖြစ်သွားသူတစ်ယောက်စီ တိုင်း .ကျွန်တော် နဲ့ ခင်တဲ့ အနုပညာရှင်တစ်ချို့ရော ကျွန်တော့် ထက်ငယ်တဲ့ အနုပညာရှင်တွေရောကြီးတဲ့ အနုပညာရှင်တွေရော တခြား နယ်ပယ် အသီးသီးမှ လူအယောက်စီတိုင်း စိတ်အနှောင့်ယှက်ဖြစ်သွားရင် တကယ် တောင်းပန်ပါတယ် ခင်များ

“ဘာဖြစ်ဖြစ် ကျွန်တော့်မှာ ပဲ တာဝန်ရှိပါတယ်ခင်များ ပါဝင်တဲ့ သူများနဲ့ လုံးဝ မဆိုင်ပါဘူး . အကုန်လုံး မေတ္တာဖြစ်ကူညီကျတာပါ . သူတို့နဲ့ လုံးဝ မဆိုင်ပါဘူး ခင်များ . ဆဲချင်တဲ့ သူများ ကျေနပ်အောင် ဆဲကျပါ . Comment ဖွင့်ထားပါတယ် . အရင်တုန်းက တော့ စိတ် အခန့်မသင့်ရင် Block တယ် . အခုကတော့ ကျွန်တော် မBlock ပါဘူး . လွတ်လာစွာ ကြိုက်သလို ပြောဆိုလိုရပါတယ်ခင်များ .ကျွန်တော် စိတ်ရင်းနဲ့ ရပ်တည်ချက်ကိုတော့ မြင်စေချင်ပါတယ်ခင်များ . အားလုံး ကို ထပ်ပြီး တောင်းပန်ပါတယ် 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏”ပရိသတ်ကြီးရေ လူတိုင်းအမှားနဲ့မကင်းနိုင်တာမို့ ပရိသတ်ကြီးကလည်း ခွင့်လွှတ်ပေးနိုင်မယ်ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *