အ​တွေး​လေးတစ်ခုနဲ့တင်ပြာယာခက်သွား​အောင်လုပ်နိုင်တဲ့သူမရဲ့ ချစ်သူအ​ကြောင်းကိုရင်ဖွင့်လာတဲ့ နန်းဆုရတီစိုး

Posted on

ပရိသတ်​တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်​ဆောင်ပိုင်း​ရော အဆို​ပိုင်းမှာပါကျွမ်းကျင်တဲ့မင်းသမီး​ချော​လေး နန်းဆုရတီစိုးနဲ့ အထူးတလည်မိတ်ဆက်​ပေးဖို့မလို​လောက်ဘူးထင်ပါတယ်​နော်။ နန်းဆုရဲ့သီချင်းဖြစ်တဲ့ “ရူး​အောင်ချစ်ရသူ”သီချင်းဟာဆိုရင် မိန်းက​လေးပရိသတ်​တွေကြားမှာ အခုချိန်ထိကို ​ရေပန်းစား​နေတဲ့သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ နန်းဆုက​တော့ ရုပ်ရည်​ချော​မောပြီး သရုပ်​ဆောင်ပိုင်း​ကော ဂီတပိုင်းမှာပါကျွမ်းကျင်တဲ့မင်းသမီး​ချော​လေးတစ်လက်ဆိုလည်းမမှား​လောက်ပါဘူး​။

သူမရဲ့အချစ်​ရေးတစ်စွန်းတစ်စကို​တော့ အရိပ်အမွန်း​လေး​တွေနဲ့ ပရိသတ်​တွေအံသြသွား​အောင်လုပ်​နေတဲ့သူပဲဖြစ်ပါတယ်။ မတ်လ(၁၄)ရက်​နေ့မှာ နန်းဆုက​တော့ “မင်းဆိုတဲ့အတွေးလေးတစ်ခုနဲ့တင် ကိုယ့်မှာပျာယာတွေခတ်လို့.” ဆိုကာ သူမရဲ့ချစ်သူနဲ့ပတ်သက်ပြီးခံစားချက်​လေးတစ်ခုကို လူမှုကွန်ယက်စာမျက်နှာတင်လာခဲ့တာပါ။ နန်းဆုရဲ့ချစ်သူကို ပရိသတ်​တွေလည်းစိတ်ဝင်စား​နေမယ်ထင်ပါတယ်။ နန်းဆုက​တော့ အခု​လော​လောဆယ်မှာ သူမရဲ့ချစ်ရတဲ့ပရိသတ်​တွေအတွက် ​ဖျော်​ဖြေ​ရေးပွဲ​တွေမှာလိုက်ဆို​နေရပြီး ​အောင်မြင်​နေတဲ့အဆို​တော်တစ်လက်ဖြစ်ပါတယ်။

ရိသတ်​တွေအတွက် နန်းဆုရဲ့ချစ်သူနဲ့ပတ်သက်တဲ့ခံစားချက်​လေးနဲ့ချစ်ဖို့​ကောင်းတဲ့ပုံရိပ်​လေး​တွေကို ပြန်လည်ပြီးမျှ​ဝေ​ပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း နန်းဆုကိုချစ်တယ်ဆိုရင် မှတ်ချက်​လေးတစ်ခု​ပေးခဲ့ကြပါ​နော်။

Leave a Reply

Your email address will not be published. Required fields are marked *