ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု(၁၂၄ က)ဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။
၎င်းနှင့် နီးစပ်သူများက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် ဖမ်းဆီးခံရကြောင်း အတည်ပြု့သည်။
ပုဒ်မ (၁၂၄) က ဆိုသည်မှာ
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ၁၂၄(က) တွင်
မည်သူမဆို နုတ်ဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေ၊
အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားသော နည်းဖြင့်ဖြစ်စေ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင် သော်လည်းကောင်း ပြုလျင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်လျင် သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျင်၊ သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန် အားထုတ်လျင်၊ ထိုသူကို ငွေဒဏ်နှင်တကွ တစ်သက်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် တစ်သက်ကျွန်းအောက်
လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ငွေဒဏ်နှင့်တကွ သုံးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ထိုသူကို ချမှတ်ရမည်လို့ ပြဌာန်းထားပါသည်။