“ဥုံဖွ “ ဇာတ်ကားပြန်ကြည့်ရင်း ဦးကင်းကို သတိရမိတယ် ဆိုတဲ့ အောင်ရဲလင်း

Posted on

ဒီကားလေးက အမှတ်တရပါပဲ။ဦးအရိုင်း၊ဦးကင်း ၊ဦးဖိုးဖြူ နဲ့ ဦးငှက်‌ပျော်ကြော်တို့ထဲမှာမှ ဦးကင်းနဲ့က ပိုပြီးရင်းနှီးတယ်လို့ သူက ဆိုပါတယ်။ သရုပ်ဆောင် အောင်ရဲလင်းက ဦးကင်းကောင်နဲ့အတူတူ ရိုက်ကူးထားတဲ့ “ဥုံဖွ” ဇာတ်ကားကို ပြန်ကြည့်ရင်း ဦးကင်းကို သတိရမိတယ်လို့ ဆိုပါတယ်။ ရှုတင်ရောက်တိုင်း ဦးကင်းနဲ့ စ နောက်နေခဲ့တာလေးတွေက သူ့အတွက် မမေ့နိုင်စရာ အမှတ်တရတွေထဲက တစ်ခုပါပဲလို့ သူက ပြောပြပါတယ်။

“ဦးအရိုင်း၊ဦးကင်း၊ဦးငှက်ပျော်ကြော တို့ထဲမှာ ဦးကင်းနဲ့က ပိုရင်းနှီးတယ်၊ ဒီကားထဲမှာလည်း အတူတူသရုပ်ဆောင် ထားကြတာ နောင်ရိုက်ချင်ပါတယ် ဆိုရင်တောင် ပြန်မရနိုင်တော့ဘူးလေ၊ ဒါကတော့ ဘယ်တော့မှ မေ့လို့မရနိုင်တဲ့အမှတ်တရတွေပါပဲ။ ရှုတင်ရောက်ပြီဆိုရင် သူနဲ့က အမြဲတမ်းနောက်ပြောင်နေတာပဲသူနဲ့တွေ့လို့ စရင် ဘာဖြစ်နေတာလဲဘာဖြစ်နေတာလဲဆိုတာ သူ့အသံကြီးနဲ့ ပြောတာ ပြန်ပြန်နောက်တယ်ပေါ့ အမှတ်တရတွေပါပဲ” လို့ “ဥုံဖွ” ဇာတ်ကား အထူးပြသပွဲမှာ ပြောခဲ့တာပါ။

သရုပ်ဆောင်ကင်းကောင်ဆုံးပါးသွားတဲ့အချိန်မှာ အောင်ရဲလင်းဟာ ပြင်ဦးလွင်ရောက်နေခဲ့တာကြောင့် နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့ဘူးလို့ သိရပါတယ်။ ဦးကင်းကောင်နဲ့ အောင်ရဲလင်းတို့ဟာ ဇာတ်ကားတော်တော်များများမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ဖူးတာတွေ့ရပါတယ်။ မကြာခင်မှာလည်း သူတို့ပါဝင်ထားတဲ့ “ဥုံဖွ” ဇာတ်ကားကြီးဟာ ရုံတင်ပြသတော့မှာပါ။ အောင်ရဲလင်း၊ခိုင်သင်းကြည်၊မိုးဒီ၊ကင်းကောင်နဲ့ခင်လှိုင်တို့ ပါဝင်ထားတဲ့ “ဥုံဖွ” ဇာတ်ကားကြီးကို မတ်လ(၁၂)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

အောင်ရဲလင်းကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေကို သေချာ ရွေးချယ်ပြီး ရိုက်ကူးနေတာကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားတာကို တွေ့ရပါတယ်။ အောင်ရဲလင်းက သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု အခိုင်အမာကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ ချောမောခန့်ညားလွန်းတဲ့ပုံစံကြောင့် မိန်ကလေးပရိသတ်ရဲ့ ပရိသတ် အသဲစွဲ တစ်ယောက် ဖြစ်နေတဲ့ အောင်ရဲလင်းရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက အရမ်းစိတ်ဝင်စားကြပြီး သူကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက် မိန်းကလေး ကိုလည်း စိတ်ဝင် စားနေ ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *