ဦးကျော်ဟိန်းသမီး ခင်ခင်ခရဲ့ ငယ်ဘဝပုံရိပ်က သူ့ရဲ့သမီးလေး ဂျူဂျူးနဲ့ ချွတ်စွပ်တူနေတာကြောင့် အံ့သြနေရတဲ့ မိုးမိုး

Posted on

အဆိုတော် မိုးမိုးကတော့ သူ့ရဲ့ ပထမဦးဆုံးအယ်လ်ဘမ် “တနင်္ဂနွေမိုးရေစက်များ” အခွေနဲ့ အောင်မြင်မှု ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မိုးမိုးဟာ သရုပ်ဆောင်အဖြစ်လည်းကောင်း၊ နှင်းဆီအဖွဲ့ရဲ့ လူရွှင်တော်တစ်ယောက်အဖြစ်လည်း ပါဝင်ခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ ဂီတ ဘက် ကိုသာ ပိုမိုအာရုံစိုက်လုပ်ကိုင်ရင်း မိသားစုအတွက် အိမ်ထောင်ဦးစီးတာဝန်တွေကို ထမ်း ဆောင်နေလျက်ရှိပါတယ်။ ဒီကနေ့မှာတော့ ဦးကျော်ဟိန်းသမီး ခင်ခင်ခရဲ့ ငယ်ဘဝပုံရိပ်က သူ့ရဲ့ သမီးလေး ဂျူဂျူးနဲ့ ချွတ်စွပ်တူနေတာကြောင့် အံ့သြနေရတာကို မျှဝေထားပါတယ်။

မိုးမိုးက ဦးကျော်ဟိန်းတို့မိသားစုရဲ့ အရင်ကဓာတ်ပုံလေးတွေကို မျှဝေရင်း “ဒီအထဲက အငယ် ဆုံးလေးက ဂျူးငယ်နဲ့အရမ်းတူတာပဲ.. ကိုသားညီကိုမေးကြည့်တော့ ခင်ခင်ခ တဲ့  မိန်းမရေ.. စိတ်မပူနဲ့ဟ။ ကလေးအရွယ်မို့ နှာခေါင်းက ပြားနေသေးတာ။ ကြီးလာရင် ခင်ခလို ချွန်လာလိမ့်မယ် ” ဆိုပြီး သူ့ရဲ့ သမီးလေးနဲ့ တော်တော်လေး ရုပ်ချင်းဆင်တဲ့ ခင်ခင်ခရဲ့ အကြောင်းကို ပရိသတ်တွေကို ပြသလာပါတယ်။

မိုးမိုး အံ့သြရမယ်ဆိုလည်း အံ့သြရလောက်အောင် ခင်ခင်ခရဲ့ ငယ်ဘဝပုံရိပ်လေးက ဂျူဂျူး လေးနဲ့ ဆံပင်ပုံစံကအစ အရမ်းကို တူတာပဲနော်။ ပရိသတ်ကြီးလည်း ကျော်ဟိန်းရဲ့သမီး ခင်ခင်ခနဲ့ မိုးမိုးရဲ့သမီး ဂျူဂျူးရဲ့ ဓာတ်ပုံလေးတွေကိုကြည့်ပြီး ထပ်တူအံ့သြနေကြမယ် ထင် ပါတယ် ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင် တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *