ဦးညွန့်ဝင်းနဲ့ ငယ်စဉ်ကအမှတ်တရပုံလေးကို ပြန်လည်မျှဝေပေးလာတဲ့ မင်းသမီးကြီး ဝါဝါဝင်းရွှေ

Posted on

မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ လတ်တလောမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ငယ်ဘဝကရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတစ်ပုံကို မျှဝေလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ မင်းသားကြီး ဦးညွန့်ဝင်းနဲ့အတူ ရိုက်ကူးထားတာဖြစ်ပြီး(၁၉၈၆) ခုနှစ်ဝန်းကျင်လောက်က ရိုက်ကူးထားတဲ့ ပုံဟောင်းလေးတစ်ပုံပဲဖြစ်ပါတယ်။

မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ မောင်နှမအရင်းတွေကို ချစ်ရတဲ့ ဦးညွန့်ဝင်းနဲ့ ပုံလေးကို အခုလို ပရိသတ်တွေ Stay at home နေရချိန်မှာ စိတ်ကြည်နူးမှုလေးတွေရစေဖို့ ရည်ရွယ်ပြီး ဖော်ပြဖြစ်တဲ့ အကြောင်းကို “ရှာဖွေလေ တွေ့ရှိလေ ပါဘဲလားချစ်က်ုမာရေ မောင်နှမရင်းတမျှချစ်ရတဲ့ဒို့အကိုကြီးနဲ့ပုံလေးကို ချစ်ပရိတ်သတ်များအိမ်မှာနေချိန်စိတ်ကြည်နူးမှုလေးများရနိုင်ပါစေ”လို့လည်း ဆိုထားပါသေးတယ်။

ပရိသတ်တွေနဲ့အတူ တခြားသော ပြည်သူချစ်အနုပညာရှင်တော်တော်များများက ဒီပုံလေးကို ကြိုက်နှစ်သက်သဘောကျကြောင်းကို မှတ်ချက်ပေးပြောဆိုနေကြပါသေးတယ်။မင်းသမီးကြီးဝါဝါဝင်းရွှေကလည်း အခုလို ချစ်ခင်ကြတာကြောင့် မျက်ရည်ပင်လည်မိကြောင်းနဲ့ ချစ်ခင်တဲ့ သူတွေလည်း ဘေးဘယာဝေးကွာ၊ ကျန်းမာချမ်းသာကြပါစေလို့ပြန်လည်ဆုတောင်းပေးထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *