ဧရာဝတီစင်တာမှာ လူနာဦးရေ (၃၅၀)ကျော် ရောက်ရှိ ကုသမှုခံယူနေပြီဟု ဦးဇော်ဇော်ပြော

Posted on

ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(သုဝဏ္ဏ) ဧရာဝတီစင်တာ မှာ ကိုဗစ်အတည်ပြုလူနာတွေကို စက်တင်ဘာ ၁၉ ရက် ညနေပိုင်းကစပြီး စတင်ထားရှိကုသပေးခဲ့တာဖြစ်ပါတယ်။သုဝဏ္ဏ မြတ်ခင်းတု အားကစားကွင်းမှာ ကိုဗစ်ယာယီကုသရေးဌာနကို ဧရာဝတီဖောင်ဒေးရှင်းက ကူညီဆောက်လုပ်ပေးခဲ့တာဖြစ်ပြီး လူနာဦးရေ ၄၁၆ ဦး ထားရှိကုသနိုင်မှာပါ။

ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း ၁၀၀ ကျော်အတွက်လည်း အဲဒီမှာ နေရာထိုင်ခင်း တစ်ပါတည်း စီစဉ်ထားပေးပါတယ်။“ ဧရာဝတီစင်တာမှာ လူနာဦးရေ (၃၅၀)ကျော် ရောက်ရှိ ကုသမှုခံယူနေပြီ ဖြစ်ပါတယ်။ အစစအရာရာ အဆင်ပြေစေဖို့ ဆုတောင်းပေးပါတယ်။ လိုအပ်ချက်၊ အခက်အခဲ တစ်စုံတစ်ရာ ရှိခဲ့မယ်ဆိုရင်လည်း သည်းခံခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ အားလုံးပဲ အမြန်ဆုံး ပြန်လည် ကျန်းမာကြပါစေ” ဟု ဦးဇော်ဇော်က ပြောကြာထားပါတယ်။

ပိုးတွေ့လူနာတွေကိုထားဖို့ ယာယီကုသရေးဆေးရုံ ၃ ခုထိ တိုးချဲ့ပြင်ဆင်ထားရာမှာ လှိုင်နဲ့ ဒဂုံဆိပ်ကမ်းက ကွာရန်တင်းစင်တာတွေကို အခုအခါ ယာယီကုသရေးဆေးရုံအဖြစ် အသွင်ပြောင်းထားပြီးဖြစ်ပါတယ်။သုဝဏ္ဏကိုဗစ်ကုသရေးဌာနကိုတော့ စက်တင်ဘာ ၁၄ ရက်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ငါးရက်အတွင်း အပြီးတည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *