ကျောင်းသူတွေစာမေးပွဲဖြေဖို့နောက်ကျမှာစိုးလို့ မီးယာဉ်တန်းနဲ့ လိုက်ပို့ခဲ့တဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ လာရာမှာကျောင်းမှားပြီးရောက်လာတဲ့ ကျောင်းသူ ၂ ဦးကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ကျောင်းအမှန်ရောက်ရှိဖို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

ကြည့်မြင်တိုင် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ၂ မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ကျောင်းသူ ၂ ယောက်ဟာ ကြည့်မြင်တိုင် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းကို လွဲမှားရောက်ရှိလာမှုဖြစ်ပွားခဲ့ပါတယ်။

အဲ့တာကြောင့် ကျောင်းသူ ၂ ယောက်ကို အချိန်မှီစာမေးပွဲဖြေဆိုနိုင်ရန်အတွက် အ.ထ.က (၂ ) ကျောင်းရှေ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နှင့် သက်ဆိုင်ရာတာဝန်ကျတပ်ဖွဲ့ဝင်တွေက မီးတန်ယာဉ်နဲ့ လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် စမ်းချောင်းမြို့နယ်တွင် အ.ထ.က( ၂) စမ်းချောင်းသို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းလွဲမှား ရောက်ရှိလာတဲ့ ကျောင်းသား၁ ယောက်ကိုလည်း အချိန်မှီစာမေးပွဲဖြေဆိုနိုင်ရန်အတွက် ကျောင်းရှေ့တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ဖြေဆိုရမယ့် အ.ထ.က(၂)ကြည့်မြင်တိုင်ကို မီးတန်းဆိုင်ကယ်နဲ့ လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။

ဒီနေ့ မတ်လ ၆ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ဝင်းတန်းဖြေဆိုရမယ့် ကျောင်းသား၊ ကျောင်းသူတွေဟာ မြန်မာဘာသာရပ်ကိုစတင်ဖြေကြားနေကြပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *