ကျောင်း ရုပ်ရှင်ရုံနဲ့ လူစည်တဲ့ပွဲတွေကို ၆ ပတ် ပိတ်မည် တစ်နိုင်ငံလုံး သင်္ကြန်မကျင်းပတော့ပါ

Posted on

ကျောင်း၊ ရုပ်ရှင်ရုံ နဲ့ လူစည်တဲ့ပွဲတွေကို ၆ ပတ် ပိတ်မည် ၊ တစ်နိုင်ငံလုံး သင်္ကြန် မကျင်းပတော့ပါဘူးလို့ ကနဦး သတင်းတွေ အရ သိရပါတယ်။လက်ရှိအချိန်ဟာ ဝူဟန်ဗိုင်းရပ်စ် ခေါ် Covid-19 ဟာဆိုရင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခုအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကြေငြာလိုက်ပါတယ်။

ဒါကြောင့် ဒီနေ့နေ့လည်မှာတော့ အစိုးရကတာဝန်ရှိသူတွေနဲ့ အမေစုတို့ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီးတော့ အခုလိုမျိုး ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ဒါကြောင့် ကျင်းပနေကြ ရိုးရာသင်္ကြန်ကိုလည်း ရောဂါပိုးပြန့်နှံ့မှုတွေအတွက် တားဆီးသောအားဖြင့်ကျင်းပတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒီသတင်းကို မကြာခင်မှာလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း အတည်ပြုထုတ်ပြန်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *