ဆေးလိပ်သောက်မယ့် ငွေကိုစုပြီး ၆ လအတွင်း iPhone 8 ဝယ်နိင်ခဲ့တဲ့ အမျိုးသား

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဓိခိုက်နိုင်တယ် ဆိုတာကို လူတိုင်းသိပါတယ်။ ဒါပေမယ့် ဆေးလိပ်ကြိုက်သူကတော့ သောက်နေအုံးမှာပါ။

မလေးရှား အမျိုးသား တစ်ယောက်ဟာ ၁၀ နှစ်ကြာ ဆေးလိပ်ပုံမှန် သောက်ခဲ့ပြီး တစ်နေ့ကို အနည်းဆုံး အလိပ် ၃၀ လောက် သောက်တယ်လို့ ဆိုပါတယ်။

သူဟာ iPhone 8 လိုချင်တဲ့ အတွက်ကြောင့် သူအရမ်းကြိုက်တဲ့ ဆေးလိပ်ကို ဖြတ်ခဲ့ပါတယ်။ ပထမ စဖြတ်ခြင်း ၃ ရက်မှာတော့ ညဘက်ဆို လုံးဝ အိပ်မရဘဲ ဆေးလိပ်သောက်ချင်တဲ့ စိတ် ပြင်းပြနေပြီး နှာခေါင်းမှာလည်း ချွေးဆီးတွေ ထွက်ခဲ့ပါတယ်လို့ပြောပါတယ်။

ဒီလိုနဲ့ သူဟာ ဆေးလိပ်ဖိုးငွေတွေကို စုခဲ့ပြီး ၆ လကြာတော့ မလေးငွေ RM 4875 ကို ရရှိခဲ့ကြောင်း သိရပါတယ်။ ခုတော့ သူဟာ လိုချင်တဲ့ ဖုန်းကိုလည်း ရခဲ့တဲ့ အပြင် ဆေးလိပ်ကိုတော့ တစ်သက်လုံး ပြတ်သွားခဲ့ပါပြီ။

Credit: PTH

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *