ဆေးဝန်ထမ်းတွေရဲ့ရင်ထဲ လှုပ်ခတ်စေခဲ့တဲ့ အမျိုးသားကြီးတစ်ဦးရဲ့ဆွတ်ပျံ့ဖွယ်အပြုအမူ

Posted on

တွေ့ရတဲ့ဓာတ်ပုံလေးကတော့ အမျိုးသားကြီးတစ်ယောက်က ကိုရိုနာဖြစ်ပွားနေတဲ့အတောအတွင်း ဇနီးသည်ရဲ့အသက်ကိုကယ်တင်ခဲ့တဲ့ သူရဲကောင်းသူနာပြုတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြနေတဲ့မြင်ကွင်းဖြစ်ပါတယ်။ Metro သတင်းအရ သိရတာက ဒီဖြစ်ရပ်ဟာ နယူးဂျာစီပြည်နယ်က မောရစ်စ်တောင်းဆေးစင်တာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၄င်းအမျိုးသားကြီးကို ဆေးစင်တာထဲမှာရှိတဲ့ ဆရာဝန်တွေ သူနာပြုတွေနဲ့ ဆေးဝန်ထမ်းတွေက မှန်ပြတင်းပေါက်တစ်ခုကနေ တွေ့လိုက်ရတာ ဖြစ်ပါတယ်။

အမျိုးသားကြီးရဲ့ ကျေးဇူးတင်ကြောင်းပြသတဲ့ အခုလို အပြုအမူကြောင့် ဆေးဝန်ထမ်းတွေအားလုံးလိုလို မျက်ရည်ကျတဲ့အထိ ပီတိဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ အမျိုးသားကြီးဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရပါဘူး။ သူဟာ မှန်ပြတင်းပေါက်ကနေ စက္ကူကတ်ပြားတစ်ခုကို ကိုင်ထားပါတယ်။ စက္ကူကတ်ထူပေါ်မှာတော့ ဇနီးသည်ရဲ့ အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်တဲ့အကြောင်း ရေးထားပါတယ်။

ဒါပေမဲ့လည်း အမျိုးသားကြီးရဲ့ဇနီးသည်က ကိုရိုနာလူနာလား ရိုးရိုးလူနာပဲလားဆိုတာတော့ မသိရပါဘူး။ ဒီဓာတ်ပုံကို အရေးပေါ်ခန်းမှ သူနာပြု အဲလစ်စန်ဆွမ်စန်က ဓာတ်ပုံရိုက်ယူခဲ့တာဖြစ်ပြီး သူမဌာနက အခြားသူနာပြုတွေကို ပြန်လည် ပြသခဲ့တာပါ။ မကြာခင်မှာပဲ ဒီဓာတ်ပုံကို ဖေ့စ်ဘုတ်ပေါ်တင်ပြီးနောက်မှာတော့ အွန်လိုင်းမှာ စိတ်ဝင်တစားရှိခဲ့ကြတာ ဖြစ်ပါတယ်။ဒီပုံလေးဟာ ကျွန်မတို့ကို မျက်ရည်ကျစေတယ်။ ခုလို အချိန်မျိုးမှာ ကျွန်မတို့ဟာ သူနာပြုတွေ၊ နည်းပညာရှင်တွေ၊ ဆရာဝန်တွေစသဖြင့် လူမှုဝန်ထမ်းအကျိုးဆောင်တွေမရှိပဲ ဖြတ်သန်းလို့မရဘူးဆိုတာ ပြနေပါတယ်…” လို့ ဗန်ဒါဗီလီယက်ဆိုသူက ပြောပါတယ်။ဆေးရုံဝန်ထမ်းတစ်ဦးကတော့ သူ့အနေနဲ့ အမျိုးသားကြီးကို မမှတ်မိပေမယ့် စာသားလေးကိုတော့ အရမ်းသဘောကျခဲ့ကြောင်း ဆိုပါတယ်။ “ကျွန်မတို့ သူ့ကိုလည်း မသိပါဘူး။ သူ့ဇနီးသည်က ဘယ်သူဆိုတာလည်း မမှတ်မိဘူး။ သူနာပြုလေးတွေကတော့ အဲဒီအမျိုးသားရဲ့ ဓာတ်ပုံကိုရိုက်ထားကြပါတယ်။ ကျွန်မတို့အားလုံးသိတာက သူတုံ့ပြန်တဲ့အပြုအမူလေးက လှတယ်။ ကျွန်မတို့ရင်ထဲကို နွေးထွေးစေပါတယ်..” လို့ ၄င်းဆေးစင်တာမှ အကြီးတန်းမန်နေဂျာတစ်ဦးက ပြောသွားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *