“ဆေးရုံမှာ လိုအပ်တာတွေအတွက် မြင့်မြတ်ရယ် အခြားသောအနုပညာရှင်များနှင့်အတူ စုပေါင်းအလှူငွေကောက်ခံကာ လှူဒါန်းသွားမယ် ဆိုတဲ့ယုန်လေး”

Posted on

မြန်မာနိုင်ငံရဲ့နာမည်ကျော်အဆိုတော်တွေထဲကမှ ယုန်လေးကိုတော့ ပရိသတ်တွေရင်းနှီးပြီးလောက်မယ်ထင်ပါတယ်။ ယုန်လေးကတော့ ဂီတပိုင်းမှာတင်ကျွမ်းကျင်ရုံသာမက အနုပညာပိုင်းမှာပါ အောင်မြင်လာတဲ့ မင်းသားတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ ယုန်လေးရဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “အော်ရဂျင်နယ်ဂန်းစတား”ဇာတ်ကားထဲမှ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်တွေရဲ့အားပေးမှုကိုအများဆုံးရရှိလာတာပဲဖြစ်ပါတယ်။

ယုန်လေးကသူရဲ့ပရိသတ်တွေကို ဗဟုသုတရရှိစေမယ့် စာလေးတွေနဲ့ဗီဒီယိုလေးတွေကို အမြဲမပြတ် လူမှုကွန်ယက်စာမက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ ယုန်လေးကတော့ “ကျွန်တော်လုပ်ချင်တဲ့ Challenge လေးကတော့We stand with our national Hero campaignပါကျွန်တော်တို့ကို ချစ်တဲ့ မိသားစုများလည်း လိုက်လုပ်လို့ရပါတယ်Tag က အကန့်သတ် နဲ့ ပဲ လုပ်လို့ရလို့ပါFover FC ( MRTV 4 )MODEL FC၊လူရွှင်တော် FC . အားလုံး ပါဝင်စေချင်ပါတယ်။သူများ နိုင်ငံက အပြည့်အစုံ နဲ့ထွက်တိုက်ရတာကျွန်တော်တို့ ဆရာဝန် ဆရာဝန်မတွေက မပြည့်မစုံနဲ့ တိုက်နေရတာပါဗျာ အားလုံး Peace ”ဆိုကာ ဗီဒီယိုလေးရိုက်ကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလိုက်တာပဲဖြစ်ပါတယ်။

 

ဗီဒီယိုလေးထဲမှာသူကတော့ အခုဖြစ်နေတဲ့virusပိုးကြောင့် ဆရာဝန်တချို့က စောင့်ကြည့်ကုသပေးနေပေမယ့် လူတချို့ရဲ့ ဥပက္ခာပြုမူကိုခံနေရကို ကြည့်ပြီးစိတ်မကောင်းမှုဖြစ်ကာ သူရယ် မြင့်မြတ်ရယ်နောက်အနုပညာရှင်အများစုပူးပေါင်းကာအလှူငွေကောက်ခံပြီးသွားရောက်လှူဒါန်းမယ်ဖြစ်ကြောင်းနဲ့ အကုန်လုံးကိုလည်းငြိမ်းချမ်းခြင်းယူပေးကြပါလို့ ပြောသွားတာပါပဲနော် ပရိသတ်ကြီးတို့ရေ။ရိသတ်တွေအတွက် ယုန်လေးတို့ လှူဒါန်းမယ့်အကြောင်း ဗီဒီယိုလေးကိုပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်တွေကလည်းကြည့်ပြီ ယုန်လေးရဲ့ပြောကြားချက်အတိုင်း အကုန်လုံးစည်းလုံးပြီ virusရန်ကို တိုက်ထုတ်လိုက်ကြမယ်လို့ထင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *