ရခိုင်ပြည်နယ် အမ်းမြို့မှ လွန်ခဲ့သော (၅)ရက်ခန့်က ပြန်လာခဲ့သော အမျိုးသားမှာ ဆေးရုံသို့ပို့ဆောင်စဉ်ထွက်ပြေးခဲ့ပြီး အဆိုပါအမျိုးသားမှာ ကိုယ်ပူချိန်မြင့်တက်နေတယ်လို့ မအူပင်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက MHTသို့ပြောသည်။
“ အပူချိန်ကတော့ 99.6 F ရှိပါတယ်။သူမှာတခြား အနံမရတာတို့ အသက်ရှုကြပ်တာတို့လို့ လက္ခဏာတွေတော့မရှိပါဘူး” ဟု မအူပင်ပြည်သူ့ဆေးရုံမှ ဒေါက်တာစန်းဦးက MHTသို့ပြောပါတယ်။
အဆိုပါအမျိုးသားမှာ မအူပင်မြို့နယ်ထနီးကျေးရွာအုပ်စုတွင်နေထိုင်သူဖြစ်ကာ မအူပင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံအ၀ အရောက်ထွက်ပြေးခဲ့ပြီး အနီးရှိ အမှတ် (၉)ရပ်ကွက် အောင်မေတ္တာလမ်းသို့ ရောက်ရှိခဲ့သေးကြောင်းလည်းသိရသည်။
Via . Wai Wai Hlaing