တောင်ကိုရီးယားဥပဒေအရ စပါးကစားသမား ဆွန်ဟောင်မင် စစ်မှုထမ်းဆောင်ရမည့် အခြေအနေတွင် ရှိနေ

ပရီးမီးယားလိဂ်ကလပ် စပါးစ်အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်သူ တောင်ကိုရီးယားတောင်ပံတိုက်စစ်ကစား သမား ဆွန်ဟောင်မင်သည် တောင်ကိုရီးယားနိုင်ငံ၏ ဥပဒေအရ ယာယီစစ်မှုထမ်းရန် လိုအပ်နေခြင်းကြောင့် စပါးစ် အသင်းအတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနိုင်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

Image may contain: 1 person, smiling

တောင်ကိုရီးယားနိုင်ငံတွင် ၁၉၅၇ ခုနှစ်မှ စတင်ကာ ချမှတ်ခဲ့သည့် စစ်မှုမထမ်းမနေရ ဥပဒေအပ တောင်ကိုရီးယားနိုင်ငံ သား အမျိုးသားတိုင်းသည် အသက် ၂၈ နှစ်မပြည့်မီတွင် အနည်းဆုံး ၂၁ လကြာ စစ်မှုထမ်းဆောင်ရမည်ဖြစ်သည်။ ထို့ ကြောင်လာမည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ နောက်ဆုံးထားကာ စစ်မှုထမ်းရန် ရှိနေခြင်းဖြစ်သည်ဟုဆိုသည်။

Related image

တောင်ကိုရီးယားနိုင်ငံ၏ ဥပဒေအရ တောင်ကိုရီးယားနိုင်ငံသားအမျိုးသားတိုင်း သတ်မှတ်အသက်အရွယ်အတွင်း စစ်မှု ထမ်းဆောင်ရသော်လည်း အိုလံပစ်အားကစားပြိုင်ပွဲများနှင့် အာရှအားကစားပွဲများတွင် အောင်မြင်မှု ရရှိသည့် တောင်ကိုရီးယားအားကစားသမားအချို့သည် စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့် ရရှိခဲ့ဖူးသည့် ဥပမာများရှိသည်။

Image may contain: 1 person, smiling, standing

ထို့ကြောင့် ဆွန်ဟောင်မင်အနေဖြင့် လာမည့် သြဂုတ်လ ၁၈ ရက်မှ စက်တင်ဘာလ ၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ခုနှစ် အာရှအားကစားပြိုင်ပွဲတွင် တောင်ကိုရီးယားလက်ရွေးစင်အသင်းနှင့်အတူ ရွှေတံဆိပ်ဆွတ်ခူး နိုင်ခဲ့ပါက စစ်မှုထမ်းခွင့်မှ ကင်းလွတ်ခွင့်ရနိုင်မည့် အလားအလားရှိနေသည်ဟုဆိုသည်။

Image result for ဆွန်ဟောင်မင်

တောင်ကိုရီးယားနိုင်ငံ၏ ဥပဒေအရ ကြည်းတပ် (သို့မဟုတ်) မရိန်းတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်မည်ဆိုပါက ၂၁ လ၊ ရေတပ်တွင် တာဝန်ထမ်းဆောင်မည်ဆိုပါက ၂၃လ နှင့် လေတပ်တွင် တာဝန်ထမ်းဆောင်မည်ဆိုပါက ၂၄ လကြာ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည်။ ဆွန်ဟောင်မင်သည် ၂၀၁၀ ပြည့်နှစ်မှစတင်ကာ တောင်ကိုရီးယားလက်ရွေးစင်အသင်း အတွက် ပါဝင်ကစားခဲ့ပြီး နိုင်ငံအသင်းအတွက် ၆၁ ပွဲပါဝင်ကစားကာ ဂိုး ၂၀ သွင်းယူထားသူဖြစ်သည်။

Image result for ဆွန်ဟောင်မင်

Image may contain: 1 person, playing a sport and outdoor

တောင်ကိုရီးယားအသင်းသည် ၂၀၁၄ ခုနှစ် အာရှအားကစားပြိုင်ပွဲအမျိုးသားဘောလုံးပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သော်လည်း ထိုစဉ်အချိန်က ဆွန်ဟောင်မင် ပါဝင်ကစားနေသည့် လေဗာကူဆင်အသင်း၏ တာဝန်ရှိသူများ က ဆွန်ဟောင်မင်အား နိုင်ငံအသင်းအတွက် စေလွှတ်ပေးရန် ငြင်းဆိုခဲ့သောကြောင့် ဆွန်ဟောင်မင်သည် နိုင်ငံအသင်းနှင့်အတူ ရွှေတံဆိပ်ဆု ရရှိနိုင်မည့်အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။

အေကေတီ

Leave a Reply

Your email address will not be published. Required fields are marked *