တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်ဘက်လိုက်မှာကို တည့်ပြောလိုက်တဲ့ မလေးရှား

Posted on

စစ်အင်အားတိုးချဲ့နေတယ်လို့စွပ်စွဲပြီးတရုတ်ကုမ္ပဏီ ၂၄ ခုကိုပိတ်ဆို့အရေးယူလိုက်တဲ့ ယူအက်စ်ဘက်ကိုလိုက်မှာမဟုတ်ဘူးလို့ မလေးရှားကဆိုပါတယ်။ တရုတ်နိုင်ငံဆိုင်ရာမလေးရှားသံအမတ် Raja Nushirwan Zainal Abidin က မကြာသေးခင်ကသီးသန့်တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ တရုတ်အစိုးရအာဘော်သတင်းစာ Global Times ကိုပြောလိုက်တာပါ။

တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ယူအက်စ်ကြားတင်းမာမှုတွေ မြင့်တက်လာနေစဉ်မှာ ဒေသတွင်းနိုင်ငံတွေကို ဘယ်ဘက်ကလိုက်မလဲရွေးချယ်ဖို့ ကန်ကဖိအားပေးနေတယ်လို့ဆိုပါတယ်။ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး မြန်မာကိုအစဉ်တစိုက်ပြောဆိုတိုက်ခိုက်လေ့ရှိတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားရဲ့ သံအမတ်က ၁၉၅၇ ခုနှစ်လွတ်လပ်ရေးရပြီးချိန်ကစပြီး နိုင်ငံခြားရေးပေါ်လစီဟာ နိုင်ငံအားလုံးနဲ့ကောင်းသောဆက်ဆံရေးရှိဖို့အလေးအနက်ထားခဲ့တယ်လို့ဆိုပါတယ်။

မလေးရှားနိုင်ငံရဲ့စည်းမျဉ်းအရတစ်ဖက်သတ်ဒဏ်ခတ်အရေးယူမှုကိုအသိအမှတ်မပြုဘူးလို့လည်းအလေးအနက်ပြောလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကအတည်ပြုထားတဲ့အရေးယူပိတ်ဆို့မှုတွေကိုပဲ အသိအမှတ်ပြုမယ်လို့လည်းဆိုပါတယ်။ မလေးရှားဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နှင့်အပြန်အလှန်လေးစားမှု နားလည်သဘောပေါက်မှုရှိတယ်လို့ဆိုပြီး နှစ်နိုင်ငံအကျိုးစီးပွားဟာ အခြေခံအားဖြင့်အတူတူပဲလို့ပြောသွားပါတယ်။ တောင်တရုတ်ပင်လယ်သာမက မလက္ကာရေလက်ကြားဟာလည်း ကမ္ဘာမှာအင်မတန်အရေးပါပြီး ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၄၀ ရာနှုန်းလောက်တောင် ဒီလမ်းကြောင်းကဖြတ်သန်းနေတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ဒီရေပြင်မှာဘယ်သူကမှ ပဋိပက္ခဖြစ်တာ စစ်ဖြစ်တာကိုစိတ်ဝင်စားမှာ မဟုတ်ဘူးလို့လည်းပြောပါတယ်။

တရုတ်အစိုးရထိပ်တန်းခေါင်းဆောင်က ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်နေပြီး စစ်ရေးပဋိပက္ခတွေမမြင်ချင်ဘူးလို့ပြောထားတာကို အလွန်အမင်းကျေးဇူးတင်အသိအမှတ်ပြုတယ်ဆိုတာရယ် ဒါဟာမလေးရှားရဲ့အတိအကျရပ်တည်မှုပါပဲဆိုတာရယ်ကို ပြောသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *