တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ မာဃ(၆)လမ်းကို Lock Down ပြုလုပ်တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊
မာဃ(၆)လမ်းမှာနေထိုင်သူ သင်္ဘောသားတစ်ဦးဟာ သင်္ဘောပြန်တက်ဖို့ ဆေးစစ်ရာကနေ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် ရပ်ကွက်ကို Lock Down ပြုလုပ်ထားကြောင်းသိရှိရပါတယ်။
လက်ရှိမှာ လူနာကို ဝေဘာဂီဆေးရုံကြီးကို ခေါ်ဆောင်သွားပြီး မိသားစုဝင်တွေကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။